လက်ပံပွင့်ကောက် လွမ်းချင်း

လက်ပံပွင့်ကောက်
by ဦးဆောင်း

လာဟေ့ဒွါး၊ သွားကောက်ချည်စို့၊
ပွင့်ခြောက်ကယ်အနားလန်၊ ဆက်ရက်ကယ်ညံ၊
ပင်လက်ပံ ကြွေချိန်ကျပြီမို့၊
မိဇံလှ - နင်လိုက်ဦးမလား၊
သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊
ပေါင်းလန်မှပြန်ကြမယ်လေး ။ ။

အရီးသာလုံး၊ ကြေးကိုင်တုန်းက၊
တို့အိမ်တောင်ကြန်စုံကုန်း၊
တနေ့တုန်းကလဲကာသေ၊
သားရေနှင့်အမဲနံ၊
လက်ပံနှင့် ချိုင်ရလျှင်၊
ကျိုနိုင်လေမွမွပျောင်းတာမို့၊
ပြောင်းဆန်အို မျိုမကျရယ်နှင့်၊
မြိန်လှတယ်လေး ။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse