ဝိနယသံခိပ်/ဆေးဟူသော မှီရာနိဿယ အမြွက်

ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၁၃။ ဆေးဟူသော မှီရာနိဿယ အမြွက်

၁၅၄။ သတ္တာ ဇိဝ၊ ကာလိက၊ ဒွယ ဆေးပစ္စည်း။
၁၅၅။ အနာကြီးငယ်၊ ရောဂါသယ်၊ မှီတွယ် နိဿယည်း။
၁၅၆။ အတွင်းအပြင်၊ နှစ်မျိုးထင်၊ မျိုလျှင်အတွင်းတည်း။
၁၅၇။ အတွင်းဂရု၊ ပြင်လဟု၊ နှစ်ခု ခွဲဝေနည်း။
၁၅၈။ ပစ္စုပ် နာဂတ်၊ နာ နှစ်ရပ်၊ ရအပ် ပါသည်ချည်း။
၁၅၉။ အကြွင်းဆိုဖွယ်၊ အသွယ်သွယ်၊ ရှေးဝယ်ဆိုပြီးနည်း။
၁၆၀။ ဆေးကု ဆေးပေး၊ ဆေးနည်းပေး၊ ရွေးလေ အပ်မအပ်။
၁၆၁။ သီတင်းဖော်ငါး၊ နှစ်ပါး မိဘ၊ ကပ္ပိယ၊ မိဘလုပ်ကျွေးသူ။
၁၆၂။ ရှင် ရဟန်းလောင်း၊ ကျောင်းမှီ ကျောင်းကပ်၊ ဆဲ့တစ်ရပ်၊ ကုအပ်ပေးအပ်သူ။
၁၆၃။ ဆွေးမျိုးနွယ်စပ်၊ မကျန်းလတ်၊ ကုအပ် ပြောအပ်သူ။
၁၆၄။ ဆေးဝါးသူ့မှာ၊ မရှိရာ၊ ပေးပါခိုက်တန့်ဟူ။
၁၆၅။ ထိုမှာကြွင်းငြား၊ သူစိမ်းများ၊ သုံးပါးမအပ်ယူ။
၁၆၆။ ခွင့်မပြု၊ မလျော်ရာ၌၊ သဒ္ဓါလှူရေး၊ ပစ္စည်းလေး၊ ပေးလျှင် ဒုက္ကဋ်ဟူ။
ဆေးဟူသော မှီရာနိဿယ အမြွက်ပြီး၏၊

--------------