ဝိနယသံခိပ်/ပါရာဇိကလေးပါး

ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၁၅။ ပါရာဇိကလေးပါး

၁၇၄။ လူ နတ် တိရိစ်၊ ပြိတ် ဘီလူးတုံ၊ ဤငါးစုံ၊ မေထုန် ဝတ္ထုချည်း။
၁၇၅။ အထီး အမ၊ ပဏ္ဍက၊ ဒွယ ဥဘောဗျည်း။
၁၇၆။ ကျင်ကြောင်းနှစ်ပါး၊ ခံတွင်းအား၊ သုံးပါးမဂ်ခေါ်နည်း။
၁၇၇။ မဂ်သုံးခုမှာ၊ စိုစွတ်ရာ၊ ပမာနှမ်းမျှတည်း။
၁၇၈။ နိမိတ်ရောက်ထိ၊ သာယာမိ၊ ပါရာဇိကချည်း။
၁၇၉။ ရွှေစင်တစ်မတ်၊ ငွေငါးကျပ်၊ ထိုက်လတ်လူ့ပစ္စည်း။
၁၈၀။ ခိုးခြင်းဆယ့်ငါး၊ တစ်ပါးပါး၊ ခိုးငြားရှုံးခဲ့ပြီ။
၁၈၁။ ကိုယ်တိုင် စေနည်း၊ စွန့်လွတ် နည်း၊ ကျိုးပြီး ဝန်ချငါး။
၁၈၂။ ရှေ့ကျ ပြိုင်ကျ၊ တိုင်ပင်ကျ၊ ချိန်းကျ မှတ်ကျငါး။
၁၈၃။ ချောင်းလိမ် နိုင်ထက်၊ ကြံဖန်ချက်၊ ဖုံးဝက် ပြောင်းကမ္ဗည်း။
၁၈၄။ လူ့အသက်ကို၊ သေစေလို၊ ကိုယ်နှုတ် စေ့ဆော်ဘိ။
၁၈၅။ စေ့ဆော်ချက်ကြောင့်၊ အသက် ဇီဝ၊ သေဆုံးက၊ ကျပြီပါရာဇိ။
၁၈၆။ ကိုယ်တိုင် ခိုင်းစေ၊ ပစ်လွှတ်ထွေ၊ ပုံသေ ထာဝရ။
၁၈၇။ ဝိဇ္ဇာမန္တာန်၊ တန်ခိုးဖန်၊ ခြောက်တန် ပယောဂ။
၁၈၈။ ဝတ္ထု ကာလ၊ ဩကာသ၊ သတ္ထ ဣရိယာ။
၁၈၉။ အမှုထွေပြား၊ ဤခြောက်ပါး၊ သူ့အားစေခိုင်းရာ။
၁၉၀။ တိုက်တွန်း ချီးမွမ်း၊ သေဘို့ညွှန်း၊ စွန်းပြီ ထိုသူမှာ။
၁၉၁။ စျာန် မဂ် ဖိုလ်ကို၊ ကိုယ်၌ရှိပြု၊ ပြောကြားမှု၊ ကုသား ပါရာဇိ။
၁၉၂။ ရဟန်းတော်များ၊ မပေးငြားပဲ၊ လျောက်လျားကိုယ်စိုး၊ ရှင်လုပ်မျိုး၊ လိင်ခိုး ပါရာဇိ။
၁၉၃။ ကပ် မင်း ရန်သူ၊ ခိုးသူ ဓားပြ၊ ကန္တာရ၊ ရောဂ အပ် ကြောင်းရှိ။
၁၉၄။ အကြောင်းရှိ၍၊ ဝတ်မိပြီးခါ၊ သာမဏေ ကောင်း၊ ရဟန်းကောင်းနှင့်၊ ပေါင်းဖော်တစ်မျိုး၊ စိတ်မရိုး၊ ထေရ်ခိုး ပါရာဇိ။
၁၉၅။ သာမဏေစင်၊ ဖြစ်လျက်ပင်ကို၊ သင်္ဃာနှင့်သာ၊ တွေ့သော အခါ၊ ငါရဟန်းဟူ၊ ပြခန်းတစ်မျိုး။ စိတ်မရိုး၊ ထေရ်ခိုး ပါရာဇိ။
၁၉၆။ ရဟန်းစင်ဘိ၊ တိတ္ထိ အမှု၊ အသွင်ယူ၊ မှတ်ယူ ပါရာဇိ။
၁၉၇။ မိဘ ရဟန္တာ၊ သတ်သုံးဖြာ၊ သံဃာ သင်းခွဲမှု။
၁၉၈။ သွေးစိမ်း တည်စေ၊ ဤငါးထွေ၊ ရှုးလေ ရှင်ဖြစ်မှု။
၁၉၉။ ဘိက္ခုနီ အား၊ မဂ်သုံးပါး၊ ပြစ်မှား ကျူးလွန်ပြု။
၂၀၀။ ဥဘောဗျည်းပါ၊ ဤနှစ်ဖြာ၊ ပါရာဇိက စု။
ပါရာဇိကပြီး၏၊

-------------