သဗ္ဗသံဟာရကပဉှဇာတ်

ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၁၀။ သဗ္ဗသံဟာရကပဉှဇာတ်
338099ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၁၁၀။ သဗ္ဗသံဟာရကပဉှဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဧကကနိပါတ်-ပရောသတဝဂ်

၁၀။ သဗ္ဗသံဟာရကပဥှာဇာတ်

ပညာပါရမီကို ဟောတော်မူသောအကြောင်း

ပစ္စုပ္ပန် နှင့်အတိတ်ဝတ္ထု... သဗ္ဗသံဟာရကော နတ္ထိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသဗ္ဗသံဟာကပဉှာဇာတ်သည် ခပ်သိမ်းသောအခြင်းအရာအားဖြင့် ဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ဂါထာကား-

၁၁၀။ သဗ္ဗသံဟာရကော နတ္ထိ၊ သုဒ္ဓံ ကင်္ဂု ပဝါယတိ။
အလီကံ ဘာသတိယံ ဓုတ္တီ၊ သစ္စမာဟ မဟလ္လိကာ။

ဟူသည်တည်း။

၁၁၀။ ပဏ္ဍိတ၊ ပညာရှိသုခမိန်။ သဗ္ဗသံဟာရကော၊ သဗ္ဗသံဟာရက မည်သောနံ့သာသည်။ နတ္ထိ၊ မရှိ။ သုဒ္ဓံ၊ သက်သက်။ ကင်္ဂု၊ ဆေးမျိုး အဝင်အပါ ဥပါသကာ နံ့သာသည်သာလျှင်။ ပဝါယတိ၊ လှိုင်၏။ အယံ ဓုတ္တီ၊ ဤခိုးစားတတ်သော မိန်းမငယ်သည်။ အလီကံ၊ မမှန်သော စကားကို။ ဘာသတိ၊ ဆို၏။ အယံ မဟလ္လိကာ၊ ဤမိန်းမကြီးသည်။ သစ္စာ၊ မှန်သောစကားကို။ အာဟ၊ ဆို၏။

အလုံးစုံသောနံ့သာတို့ကိုပေါင်းစု၍ ပြုအပ်သောနံ့သာကို သဗ္ဗသံဟာရကနံ့သာ ခေါ်သည်ဟူ၍မှတ်။

နံ့သာပေါင်းစုံ၊ မွှေးကြိုင်ထုံ၊ ခေါ်ကုန်သဗ္ဗ သံဟာရက

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သဗ္ဗသံဟာရကပာဇာတ်သည် ပြီး၏။

*****