သာတော်မူလိုက်စမ်းပါ

သာတော်မူလိုက်စမ်းပါ
by စလေ ဦးပုည

ပန်းတော်ဝင် ယုဇနလို
တုမရဖက်ကွာ
သူ့အလှ မြမျက်နှာမှာ
လ စကြာ တစ်ခု
မျက်လုံးတော် စိန်ဝဇီမှာ
ဣန္ဒနီ မိုးကျတန္တု
မြင်ရသူ့ သဲရွှေဘွင်မှာ
လဲသေချင်စလု
ထဲမရွှင် ရင်ထုလို့
ခင်ပုကောင့် ခက်တယ်
ဥမ္မာဒန် ဂါထာဇာတ်တွင်
ဗာရာနတ် ရူးတဲ့ပုံနှယ်
ကမ္ဘာကပ် ကူးမယ့်နယ်မှာ
မူးလယ့်လယ် မှောင်ကျလို့
စောင်မတဲ့ သီတဂူ
ထုံးရှိထပ်တူ
သည်ကဲ့သို့ ညှာမျှော်ကူယင်
သာတော်မူလိုက်စမ်းပလေး ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse