သိမ်မျိုးစုံမဟာဋီကာ/တိယောဇနပရမ သိမ်တော်ကြီးအကြောင်း

347844သိမ်မျိုးစုံမဟာဋီကာကျမ်း — ၁၀၅။ တိယောဇနပရမ သိမ်တော်ကြီးအကြောင်းကျွန်းရွာတောရဆရာတော်

     အနုဇာနာမိ ဘိက္ခဝေ တိယောဇနပရမံ သီမံ သမ္မန္နိတုံ-ဟု မဟာဝါ ဥပေါသထက္ခန္ဓက၌ သဗ္ဗညုမြတ်စွာဘုရား အခွင့်ပြုတော်မူတိုင်း အရှင်သာရိပုတ္တရာသည် ရာဇဂြိုဟ်ပြည်ကို ဝန်းရံ၍ တည်သော တစ်ဆယ့်ရှစ်ရပ်သော ကျောင်းတိုက်ကြီးတို့ကို တစ်သိမ်တည်းဖြစ်အောင် "တိယောဇနပရမသိမ်တော်ကြီး” ကို သမုတ်တော်မူသည်။ ထို ကြောင့် “ဓမ္မသေနာပတိနာ နေသံ သီမာ ဗဒ္ဓါ" ဟု အဋ္ဌကထာ၌ မိန့်တော်မူသတည်း။