သိမ်မျိုးစုံမဟာဋီကာ/ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်းဋီကာ

သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၃၂။ ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်းဋီကာ

     ဝိမတိ ဝိနယာလင်္ကာရတို့၌ ဂါမ၌ပေါက်သော သစ်ပင်၊ ဗဒ္ဓ၌ ထောက်သော်လည်း ဂါမအရင်းရှိ၍ ဂါမပင်။ ဂါမ,ဗဒ္ဓတို့၌ ဖြတ်၍တည်သော သစ်ပင် နွယ် ကြေးနန်းကြိုး စသည်တို့မှာ မိမိတို့ဘက်၌ မိမိတို့ သိမ်မည်၏ ဟု ဆိုတော်မူကြ၏။ အာဂုံ ယုတ္တိမရှိသောကြောင့် ဆရာတော်ကြီးများ နှစ်သက်တော်မမူကြကုန်။