သိမ်မျိုးစုံမဟာဋီကာ/အဝိပ္ပဝါသ သိမ်သမုတ်ပုံကို ပြခန်း

347854သိမ်မျိုးစုံမဟာဋီကာကျမ်း — ၁၁၅။ အဝိပ္ပဝါသ သိမ်သမုတ်ပုံကို ပြခန်းကျွန်းရွာတောရဆရာတော်

     ဤသို့ သမာနသံဝါသကသီမာ သမ္မုတိကံကို ကိုးကြိမ်ဖတ်တော်မူသတည်း။ ထိုနောင် ဆိုအပ်ပြီးသောဂုဏ်နှင့် ပြည့်စုံတော်မူသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိတ်တော်၊ (၄) မြို့ ဂိုဏ်းချုပ် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်သုံးတန် အလှူတော်ခံရသော (၄)မြို့ ဂိုဏ်းချုပ် သုဓမ္မာဝင် ကျွန်းရွာတောရဆရာတော်၊ ကျောက်ဆောက်-တိုက်အုပ်ဆရာတော်၊ တောင်သာဂိုဏ်းအုပ်ဆရာတော်တို့သည် ပစ္ဆာ တိစီဝရေန အဝိပ္ပဝါသော သမ္မန္နိတဗ္ဗော -ဟူသော ဝိနည်းမဟာဝါပါဠိတော်။ တဿာ ဒဠှီကမ္မတ္ထံ အဝိပ္ပဝါသကမ္မဝါစာပိ ကာတဗ္ဗာ-ဟူသော ၎င်းအဋ္ဌကထာတို့နှင့်အညီ အဝိပ္ပဝါသ သီမာသမ္မုတိ ကမ္မဝါစာကို သုံးကြိမ်ဖတ်တော်မူကြသတည်း။

     ထိုနောင် ရေစကြိုဆရာတော်၊ ဗင်္ဂလားဆရာတော်၊ ဟင်္သာတဆရာတော်တို့သည် ဒုတိယအကြိမ်၊

     တပ်ကုန်းဆရာတော်၊ ကျွန်းရွာဆရာတော် ဝေဇယန္တာဆရာတော်တို့သည် တတိယအကြိမ်၊

     တိုက်အုပ်ဆရာတော်၊ မြင်းတည်းဆရာတော်၊ တောင်တွင်းကြီးဆရာတော်တို့သည် စတုတ္ထအကြိမ်၊

     ညောင်လေးပင်ဆရာတော်၊ထန်းပင်ကျန်ဆရာတော်၊ ကျွန်းကုန်း ဆရာတော်တို့သည် ပဉ္စမအကြိမ်၊ အဝိပ္ပဝါသကမ္မဝါစာဖြင့် တဖန် သမုတ်တော်မူကြသတည်း။