သူငယ်ချင်းကောင်းများ

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၀) သူငယ်ချင်းကောင်းများ
326636ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃၀) သူငယ်ချင်းကောင်းများဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၀)

သူငယ်ချင်းကောင်းများ

edit

ရှေးအခါက ရေအိုင်ကြီး တစ်အိုင်၏အနီးတွင် စွန်၊ လိပ်၊ ဝန်လိုငှက်နှင့် ခြင်္သေ့တို့ မိတ်ဆွေဖွဲ့ ၍ နေထိုင်ကြသည်။

တစ်ညတွင် စွန်တို့နေသော သစ်ပင်ကြီးအောက်မှာ မုဆိုးတို့ မီးဖိုပြီး အိပ်ဖို့ ပြင်ဆင်ကြသည်။ မုဆိုးတို့သည် သစ်ပင်ပေါ်ရှိ စွန်ပေါက်လေးများ၏ အော်သံကို ကြား၍ ဖမ်းရန် ကြိုးစားကြသည်။

ထိုအခါ စွန်ဖိုနှင့်စွန်မတို့သည် မိတ်ဆွေများကို အကူအညီတောင်းကြ၏။ ဝန်လိုငှက်က သူ့ခန္ဓာကိုယ်ကို ရေဆွတ်ပြီး နှုတ်သီးဖြင့် ရေငုံကာ မီးကို ငြိမ်းပေးသည်။

လိပ်ကြီးကလည်း သူ့ခန္ဓာကိုယ်ကို ရွှံ့ညွှန်များ လူးပြီး မီးငြိမ်းအောင် ပြုလုပ်ပေးသည်။ မုဆိုးများက လိပ်ကြီးကို ဖမ်းရန် ကြိုးစားသော်လည်း ဖမ်း၍ မရခဲ့ပေ။

ခြင်္သေ့ကြီးသည် ဟိန်းဟောက်သံပေး၍ ခြိမ်းခြောက်လိုက်၏။

ထိုအခါ မုဆိုးတို့သည် မနေရဲကြတော့ဘဲ ညတွင်းချင်းပင် နေရာပြောင်း သွားကြလေသည်။