အင်္ဂုလိမာလသုတ် လင်္ကာ

အင်္ဂုလိမာလသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ အင်္ဂုလိမာလာ၊ ထေရ်မဟာ၊ သစ္စာဆိုခဲ့ပေ။
၂။ အရိယာဘဝ၊ ရောက်သည်မှ စ၍ တစ်သက်ပေ။
၃။ သူတစ်ပါးချစ်အပ်၊ အသက်မြတ်၊ မသတ်ခဲ့တော့ ပါပေ။
၄။ ဤသည့်စကား၊ မှန်ကန်ငြားက၊ မိဘသင်ပါ၊ ကလေးပါ၊ ကျန်းမာ ချမ်းသာစေ။
၅။ ထိုသစ္စာ၏၊ မှန်ကန်ဘိ၍၊ မိခင်ရော ကလေးပါ၊ လွန်ကျန်းမာ၊ ချမ်းသာခဲ့ပါပေ။
၆။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၇။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၉။ အင်္ဂုလိမာလခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ်ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁ဝ။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၁။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၂။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။