အလှူရှင်လေးများ

326581ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၂။ အလှူရှင်လေးများဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၂)

အလှူရှင်လေးများ

edit

ရေအလှူရှင်ရသေ့လေး

တောအုပ်တစ်ခုတွင် ရသေ့များ တရားအားထုတ်နေကြသည်။

မိုးခေါင်သည့်နှစ်တွင် တိရစ္ဆာန်လေးများ ရေပြတ်လပ်ပြီး ဒုက္ခရောက်ကြသည်။

ကြင်နာတတ်သော ရသေ့လေးသည် တိရစ္ဆာန်လေးများအတွက် ရေခပ်ပေးသဖြင့် တိရစ္ဆာန်လေးများ ပျော်ရွှင်ကြသည်။

တိရစ္ဆာန်လေးများကလည်း ကျေးဇူးဆပ်သည့်အနေဖြင့် ရသေ့လေးကို သစ်သီးများ ခူးပေးကြလေသည်။