အိမ်ပြန်မယ်

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄၀။ သီတင်းကျွတ်လပြည့်နေ့
326600ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၄၀။ သီတင်းကျွတ်လပြည့်နေ့ဓမ္မစကူးလ်ဖောင်ဒေးရှင်း

အိမ်ပြန်မယ်

edit

ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ်၊
ဘုရားဝတ်ပြုကြစို့ကွယ်။
ဘုန်းဘုန်း(ဆရာလေး)ကိုလည်း ကန်တော့မယ်
ဆရာမကိုလည်း ကန်တော့မယ် .......
နှုတ်ဆက်ကြစို့ကွယ် ...။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ်၊
ပစ္စည်းတွေလည်း သိမ်းစို့ကွယ်။
ဟိုဟိုဒီဒီလည်း မသွားဘူးကွယ် ...
ရန်လည်းမဖြစ်ဘူးကွယ် ....
အိမ်ကို အရောက်ပြန်မယ် ....။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ်၊
သူငယ်ချင်းတွေလည်း နှုတ်ဆက်မယ် ...
ကျောင်းလည်း မပျက်ဘူးကွယ် ...
နောက်တစ်ပတ်တွေ့ကြမယ် ..
တာ့တာ တာ့တာကွယ် ...
အို .... တာ့တာ တာ့တာကွယ် ....။ ။