ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၄/၂၀၁၅

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၄/၂၀၁၅  (2015) 
by သိန်းစိန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခြင်း
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၄/၂၀၁၅)
၁၃၇၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်
(၂၀၁၅ ခုနှစ်၊ မေလ ၁၈ ရက်)

၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၃/ ၂၀၁၅) ဖြင့် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဆက်လက်အပ်နှင်းလိုက်သည်။


၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်