၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ

ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ  (1948) 

သမတအိမ်တော်၊ ရန်ကုန်မြို့။

ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ။

၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အက်ဥပဒေအမှတ် ၁။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ နယုန်လဆန်း ၇ ရက်။

(၁၉၄၈ ခု၊ မေလ ၁၄ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေညာ သည်။

ကချင်ပြည်နယ် ယာယီကောင်စီ သဘာပတိအား၊ ပေးရန်ရှိသောလစာငွေများကို တရားဥပဒေဖြင့်သတ်မှတ်ရန်လိုအပ်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက် သည်။

အမည်တိုနှင့်အာဏာတည်မည့်နေ့။

၁။ ။ (၁) ဤအက်ဥပဒေကို ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေ ဟုခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၄၈ ခုနှစ်၊ ဇန္နာဝါရီလ ၁၀ ရက်နေ့မှစ၍ အာဏာတည်သည်ဟုမှတ်ယူ ရမည်။
သဘာပတိလစာငွေ။

၂။ ။ ကချင်ပြည်နယ်ယာယီကောင်စီသဘာပတိအား၊ လစဉ်ငွေကျပ် ၁,၂၅၀/- ကိုပြည်နယ်ကောင်စီက ပြဋ္ဌာန်းထားသောငွေများထဲမှ ထုတ်ပေးရမည်။

သဘာပတိသည်၊ အခြားမည်သည့်အတတ်ပညာဖြင့်ဥစ္စာရှာသောအသက်မွေးမှုမျိုးကိုမျှမပြုရ။

၃။ ။ သဘာပတိသည် ရာထူးလက်ရှိကာလအတွင်းတွင်၊ သဘာပတိရာထူးဆိုင်ရာ တာဝန်ဝတ်တရား များကို ဆောင်ရွက်အပ်သည်မှတပါး၊ အတတ်ပညာဖြင့် ဥစ္စာရှာသော မည်သည့်အသက်မွေးဝမ်းကြောင်း ကိုမျှမပြုရ။ သို့တည်းမဟုတ် မည်သည့်အလုပ်အကိုင်ကိုမျှ အခကြေးငွေဥစ္စာအတွက်၊ လုပ်ကိုင်ဆောင် ရွက်ခြင်းမပြုရ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊
နိုင်ငံတော်ယာယီသမတ။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ နယုန်လဆန်း ၇ ရက်။
(၁၉၄၈ ခု၊ မေလ ၁၄ ရက်။)

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၉၀။]