၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ

၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ  (1955) 
၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ။

[ ၀၁.၀၄.၁၉၅၅ ] [ ၀၁.၀၄.၁၉၅၅ ] [ [၁၉၅၅ ခုနှစ်၊ အက်ဥပဒေအမှတ် ၃၇။] ]

၁။ ။ ဤအက်ဥပဒေကို၊ ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ် အက်ဥပဒေဟုခေါ်ရမည်။
၂။ ။ ဤအက်ဥပဒေ၏ ဇယားတွင် ဖော်ပြထားသည့် နောက်တွင် အဆိုပါစာချုပ်ဟု ရည်ညွှန်းသော ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၌ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ လက်မှတ်ရေးထိုးကြသော စစ်ပြေငြိမ်းရေးစာချုပ်ပါ ပြဋ္ဌာန်းချက်များသည်၊ ၎င်းတို့၏ သဘောတရားအရ ဖြစ်နိုင်သမျှ တရား ဥပဒေဖြစ်ရမည်၊ သို့တည်းမဟုတ် တရားဥပဒေကဲ့သို့ အာဏာရှိရမည်။
၃။ ။ (၁) နိုင်ငံတော်သမ္မတသည်၊ အဆိုပါစာချုပ်ကို အထမြောက်အောင် ဆောင်ရွက်ရန်အလို့ငှာလည်း ကောင်း၊ အဆိုပါစာချုပ်၏ ပြဋ္ဌာန်းချက်တစ်ခုခုကို အကျိုးသက်ရောက်စေရန် အလို့ငှာလည်းကောင်း၊ မိမိလိုအပ်သည် ထင်မြင်သည့် ရာထမ်းမှုထမ်းများခန့်ထားခြင်း၊ ရုံးများဖွင့်လှစ်ခြင်း၊ နည်းဥပဒေများပြ ဋ္ဌာန်းခြင်းနှင့် အခြားကိစ္စအရပ်ရပ် ဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်သည်။
(၂) ပုဒ်မခွဲ (၁) အရ ပြဋ္ဌာန်းသော နည်းဥပဒေများတွင်၊ နည်းဥပဒေတစ်ခုခု၏ ပြဋ္ဌာန်းချက်များကို ဆန့် ကျင်သူများသည်၊ သို့တည်းမဟုတ် လိုက်နာရန် ပျက်ကွက်သူများသည်၊ ခြောက်လထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်တစ်ထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံထိုက်စေရ မည်ဟု နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းနိုင်သည်။
(၃) အဆိုပါစာချုပ်ကို၊ အထမြောက်အောင် ဆောင်ရွက်ရာ၌ ကုန်ကျသည့် စရိတ်ကြေးငွေများကို၊ ပြည်ထောင်စုပါလီမန်က ခွင့်ပြုထားသောငွေများမှ ကျခံရမည်။


ဇယား။

ဂျပန်နိုင်ငံနှင့်ချုပ်ဆိုသည့် စစ်ပြေငြိမ်းရေးစာချုပ်။

အပိုဒ် ၅

၁။ ။ စစ်အတွင်း ဂျပန်နိုင်ငံကြောင့် ပျက်စီးဆုံးရှုံးရခြင်းနှင့် အတိဒုက္ခရောက်ရခြင်းအတွက် စစ်ဆေး ကြေးကို၊ ဂျပန်နိုင်ငံက ပြည်ထောင်စုမြန်မာနိုင်ငံအားပေးရန် အသင့်ရှိသည့်ပြင်၊ ပြည်ထောင်စုမြန်မာနိုင် ငံစီးပွားရေး ပြန်လည်ထူထောင်မှုနှင့် တိုးတက်မှုတွင်လည်းကောင်း၊ လူမှုကြီးပွားရေးတိုးတက်မှုတွင် လည်းကောင်း၊ အကူအညီပေး၍ ပူးပေါင်းဆောင်ရွက်လိုသော ဆန္ဒလည်းရှိပါသည်။ သို့ရာတွင် ဂျပန်နိုင် ငံမှာ၊ မိမိ၏စီးပွားရေးကို အခြေမပျက်ဆက်လက်ထားရှိရမည်ဖြစ်လျှင်၊ စစ်အတွင်း ဂျပန်နိုင်ငံကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ ပျက်စီးဆုံးရှုံးရခြင်းနှင့် အတိဒုက္ခရောက် ရခြင်းတို့အတွက် စစ်လျော်ကြေးအပြည့်ပေးရမည့်တာဝန်နှင့် အခြားတာဝန်များကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်လောက် သော ပစ္စည်းအင်အားနှင့် မပြည့်စုံကြောင်းအသိအမှတ်ပြုပါသည်။
ထို့ကြောင့်-
(က) (၁) သဘောတူမည့် အသေးစိတ် စည်းကမ်းချက်များနှင့်အညီ၊ ဂျပန်နိုင်ငံက ပြည်ထောင်စုမြန်မာ နိုင်ငံအား၊ တစ်နှစ်လျှင် ပျှမ်းမျှရ အမေရိကန်ပြည်ထောင်စု ဒေါ်လာသန်းနှစ်ဆယ် ($ ၂၀,၀၀၀,၀၀၀) နှင့်ညီမျှသော ယန်းဒင်္ဂါးသန်းပေါင်းခုနှစ်ထောင့်နှစ်ရာ (¥ ၇,၂၀၀,၀၀၀,၀၀၀) တန်ဘိုးရှိသည့် ဂျပန်နိုင် ငံသူ နိုင်ငံသားတို့လုပ်အားနှင့် ဂျပန်နိုင်ငံထွက်ပစ္စည်းများကို၊ စစ်လျော်ကြေးအဖြစ်ဖြင့် ဆယ်နှစ်ကာလ မျှပေးရန် သဘောတူပါသည်။
(၂) သဘောတူမည့် အသေးစိတ်စည်းကမ်းချက်များနှင့်အညီ၊ တစ်နှစ်လျှင် ပျှမ်းမျှရစုစုပေါင်း အမေရိ ကန်ပြည်ထောင်စု ဒေါ်လာ ငါးသန်း ($ ၅,၀၀၀,၀၀၀) နှင့်ညီမျှသော ယန်းဒင်္ဂါးသန်းပေါင်း တစ်ထောင့် ရှစ်ရာ (Y ၁,၈၀၀,၀၀၀,၀၀၀) တန်ဘိုးရှိသည့် ဂျပန်နိုင်ငံသူ နိုင်ငံသားတို့လုပ်အားနှင့် ဂျပန်နိုင်ငံထွက် ပစ္စည်းများကို၊ ဂျပန်နိုင်ငံက ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိုးရအား၊ သို့တည်းမဟုတ် နိုင်ငံသူနိုင်ငံ သားတို့အား၊ ဆယ်နှစ်ကာလမျှရနိုင်စေ၍၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလွယ်ကူအောင်အစွမ်းကုန် စီမံ ဆောင်ရွက်ရန် သဘောတူပါသည်။
(၃) ထို့ပြင် ဂျပန်နိုင်ငံက၊ အခြားစစ်လျော်ကြေး တောင်းဆိုသည့်နိုင်ငံအားလုံးသို့ပေးရန် စစ်လျော် ကြေးများကို အပြီးသတ်ဆုံးဖြတ်သည့် အချိန်၌၊ ထိုသို့ဆုံးဖြတ်ခြင်းကြောင့် သက်ရောက်သည့် အကျိုး များကို လည်းကောင်း၊ အရပ်ရပ်စစ်လျော်ကြေးတာဝန်ကို သည်ပိုးဆောင်ရွက်နိုင်သည့် ဂျပန်နိုင်ငံ၏ စီး ပွားရေးအင်အားကို လည်းကောင်းထောက်ရှု၍၊ ပြည်ထောင်စုမြန်မာနိုင်ငံအဘို့ တရားမျှတသော စစ် လျော်ကြေးဆုံးဖြတ်မှုအတွက် တောင်းဆိုချက်ကိုလည်း ထပ်မံစစ်ဆေးရန် သဘောတူပါသည်။
(ခ) (၁) ပြည်ထောင်စုမြန်မာနိုင်ငံမှာ၊ ဤစာချုပ်အတည်ဖြစ်သည့်အခါ၊ မိမိ၏အာဏာပိုင်နက်အတွင်း ကျရောက်သောဂျပန်နိုင်ငံနှင့် ဂျပန်အမျိုးသားများ (တရားဝင်ပုဂ္ဂိုလ်များ ပါဝင်သည်) ၏ ပစ္စည်း၊ ဆိုင် ရာဆိုင်ခွင့်နှင့် အကျိုးသက်ဆိုင်ခွင့် အားလုံးကိုဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်း၊ ဖျက်သိမ်းခြင်း၊ သို့တည်း မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း ပြုနိုင်သည့် အခွင့်အရေးရှိရမည်။ ဤစာပိုဒ်ငယ်တွင် သီးခြားဖော် ပြထားသည့်ပစ္စည်း၊ ဆိုင်ရာဆိုင်ခွင့်များနှင့် အကျိုးသက်ဆိုင်ခွင့်များတွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင် ရာ ရန်သူ့ပစ္စည်း၊ အာဏာပိုင်များ လက်အောက်သို့၊ အဆိုပါပစ္စည်း၊ ဆိုင်ရာဆိုင်ခွင့်များနှင့် အကျိုးသက် ဆိုင်ခွင့်များ ကျရောက်သည့်အချိန်၌၊ ဂျပန်နိုင်ငံကသော်လည်းကောင်း၊ ဂျပန်အမျိုးသားများ (တရားဝင် ပုဂ္ဂိုလ်များပါဝင်သည်) ကသော်လည်းကောင်း၊ ပိုင်ဆိုင်၍၊ သို့တည်းမဟုတ် ၎င်းတို့အတွက် လက်ရှိထား ၍၊ သို့တည်းမဟုတ် စီမံအုပ်ချုပ်၍၊ ယခုအခါတွင် အဆိုပါအာဏာပိုင်များက ပိတ်ပင်ထားသော၊ သို့တည်းမဟုတ် အဆိုပါအာဏာပိုင်များအား အပ်နှင်းထားသော၊ သို့တည်းမဟုတ် အဆိုပါအာဏာပိုင် များက လက်ရှိထားသော၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်သောပစ္စည်း၊ ဆိုင်ရာဆိုင်ခွင့်များနှင့် အကျိုးသက်ဆိုင်ခွင့်များလည်း ပါဝင်သည်။
(၂) အောက်ပါတို့ကို၊ အထက်စာပိုဒ်ငယ် (၁) တွင် သီးခြားဖော်ပြထားသည့် အခွင့်အရေးမှ ခြွင်းချန်ရ မည်။
(i) ဂျပန်နိုင်ငံအစိုးရပိုင်ဖြစ်၍၊ သံနှင့်၊ သို့တည်းမဟုတ် ကောင်စစ်ဝန်နှင့် ဆိုင်သောကိစ္စများအတွက် အသုံးပြုသည့်မြေရာအဆောက်အအုံ၊ အိမ်ထောင်ပရိဘောဂနှင့် တပ်ဆင်စိုက်ထူထားသည့်ပစ္စည်းများ၊ ထို့ပြင် ဂျပန်သံနှင့်ကောင်စစ်အမှုထမ်းများပိုင်ဖြစ်၍၊ သံနှင့် ကောင်စစ်ဝန်အလုပ်ဝတ္တရားများကို ဆောင် ရွက်ရန် သာမန်အားဖြင့် လိုအပ်သောအရင်းအနှီးပြုရာပါ ပစ္စည်းမျိုးမဟုတ်သည့် ကိုယ်ပိုင်အိမ်အသုံးအ ဆောင် ပရိဘောဂများနှင့် အခြားကိုယ်ပိုင်ပစ္စည်းများ။
(ii) သာသနာရေးအဖွဲ့များကသော်လည်းကောင်း၊ ကိုယ်ပိုင်ကုသိုလ်ရေးအဖွဲ့အစည်းများကသော် လည်းကောင်း ပိုင်ဆိုင်၍၊ သာသနာရေး၊ သို့တည်းမဟုတ် ကုသိုလ်ရေးကိစ္စများအတွက်သက်သက်အသုံး ပြုသည့်ပစ္စည်း။
(iii) ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နောက်တွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ တစ်ဦးနှင့်တစ်ဦးကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အခြားအရေးကိစ္စများအတွက် ပြန်လည်ဆက်သွယ်ခြင်း ကြောင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အာဏာပိုင်နက်အတွင်းသို့ ကျရောက်လာသောပစ္စည်း၊ ဆိုင်ရာဆိုင် ခွင့်များနှင့် အကျိုးသက်ဆိုင်ခွင့်များ။
(iv) ဂျပန်နိုင်ငံ၊ သို့တည်းမဟုတ် ဂျပန်နိုင်ငံသားတို့ ပေးရမည့်တာဝန်ရှိသော ငွေကြေးစသည်များ ဂျပန်နိုင်ငံတွင် တည်ရှိသည့် အထည်ဒြပ်ရှိပစ္စည်း၌ ဆိုင်ရာဆိုင်ခွင့် ပိုင်ဆိုင်ခွင့်၊ သို့တည်းမဟုတ် အကျိုး သက်ဆိုင်ခွင့်၊ ဂျပန်နိုင်ငံတရားဥပဒေများအရ ဖွဲ့စည်းထားသည့် လုပ်ငန်းများတွင် အကျိုးသက်ဆိုင်ခွင့် များ၊ သို့တည်းမဟုတ် ၎င်းတို့နှင့်စပ်လျဉ်းသည့် သက်သေခံစာရွက်စာတမ်း။ သို့ရာတွင် ဤခြွင်းချက် သည်၊ ဂျပန်နိုင်ငံသုံးငွေဖြင့်ဖော်ပြထားသည့် ဂျပန်နိုင်ငံနှင့်ဂျပန်နိုင်ငံသားတို့ပေးရမည့် တာဝန်ရှိသော ငွေကြေးစသည်များနှင့်သာ သက်ဆိုင်ရမည်။
(၃) အထက်စာပိုဒ်ငယ် (၂) တွင် ဖော်ပြသည့် ခြွင်းချန်ထားသော ပစ္စည်းများကို ပြန်ပေးရမည်။ သို့ရာ တွင် ထိုသို့ပြန်ပေးသည့် ပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက် စီမံအုပ်ချုပ်ရသည့်အတွက် အသင့်အတင့် တောင်းဆိုသည့်စရိတ်များကို ကျခံရမည်။ အဆိုပါပစ္စည်းကို ဖျက်သိမ်းရောင်းချပြီးဖြစ်လျှင်၊ ရောင်းချရ ငွေများကို ပစ္စည်းအစားပြန်ပေးရမည်။
(၄) အထက်စာပိုဒ်ငယ် (၁) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပစ္စည်းဖမ်းဆီးနိုင်သည့်၊ သို့တည်းမဟုတ် သိမ်းဆည်းထားနိုင်သည့်၊ သို့တည်းမဟုတ် ဖျက်သိမ်းနိုင်သည့်၊ သို့တည်းမဟုတ် အခြားနည်းဖြင့် စီမံထုခွဲနိုင်သည့် အခွင့်အရေးကို၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တရားဥပဒေများနှင့်အညီ သုံးစွဲရမည်။ ပစ္စည်းရှင်သည်၊ ထိုတရားဥပဒေများဖြင့် မိမိအားပေးထားသော အခွင့်အရေးများကိုသာ ရရှိရမည်။
၂။ ။ ဤစာချုပ်တွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင်၊ စစ်တိုက်ခိုက်နေစဉ်အတွင်း ဂျပန်နိုင်ငံနှင့် ဂျပန်နိုင်ငံသားတို့ဆောင်ရွက်သည့် အရေးကိစ္စများမှ ဖြစ်ပေါ်လာသော ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားတို့၏ တောင်းဆိုခွင့်အားလုံးကို ပြည်ထောင်စုမြန်မာနိုင်ငံက စွန့်လွှတ်ပါသည်။
အပိုဒ် ၆

ဂျပန်နိုင်ငံတွင်၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ၊ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ထိကာလ အတွင်း မည်သည့်အခါ၌မဆို တည်ရှိသော ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင် ငံသားတို့ပိုင် အထည်ဒြပ်ရှိပစ္စည်းနှင့် အထည်ဒြပ်မရှိပစ္စည်းများကိုလည်းကောင်း၊ ဂျပန်နိုင်ငံတွင် ဆိုင် ရာဆိုင်ခွင့်အမျိုးမျိုး၊ သို့တည်းမဟုတ် အကျိုးသက်ဆိုင်ခွင့်အမျိုးမျိုးကိုလည်းကောင်း၊ ဤစာချုပ်အ တည်ဖြစ်သည့်နေ့ရက်မှ ကိုးလအတွင်းတောင်းဆိုလျှင် ထိုပစ္စည်း၊ ထိုဆိုင်ရာဆိုင်ခွင့်၊ သို့တည်းမဟုတ် ထိုအကျိုးသက်ဆိုင်ခွင့်များကို ပစ္စည်းရှင်က ခြိမ်းခြောက်ခြင်း၊ သို့တည်းမဟုတ် လိမ်လည်လှည့်ဖြား ခြင်းမခံရဘဲ၊ မိမိအလိုအလျောက်လွတ်လပ်စွာ ထုခွဲရောင်းချပြီး မဟုတ်လျှင်၊ ထိုသို့တောင်းဆိုသည့်နေ့ ရက်မှ ခြောက်လအတွင်း ဂျပန်နိုင်ငံက ပြန်ပေးရမည်။

အဆိုပါပစ္စည်းကို ပြန်ပေးသည့်အခါ၊ စစ်ကြောင့်တင်ရှိသည့် ကြွေးမြီတာဝန်ကုန်ကျစရိတ်အားလုံးမှ လွတ်ကင်းစေရမည်။ ပစ္စည်းပြန်ပေးရသည့်အတွက် ကုန်ကျစရိတ်ကိုလည်း တောင်းဆိုခြင်းမပြုရ။

သတ်မှတ်ထားသည့်အချိန်တွင် ပစ္စည်းရှင်ကသော်လည်းကောင်း၊ ပစ္စည်းရှင်အတွက်သော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရကသော်လည်းကောင်း၊ ပြန်ပေးရန် တောင်းဆိုခြင်း မရှိသည့်ပစ္စည်းကို၊ ဂျပန်နိုင်ငံအစိုးရက မိမိသဘောအတိုင်း ထုခွဲရောင်းချနိုင်သည်။

ဂျပန်နိုင်ငံ၌ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အဆိုပါပစ္စည်းတစ်ရပ်ရပ်ရှိ၍ စစ်ကြောင့်ပြန်မပို့ နိုင်လျှင်၊ သို့တည်းမဟုတ် ချွတ်ယွင်းပျက်စီးသွားလျှင်၊ လျော်ကြေးကို ဂျပန်နိုင်ငံဆိုင်ရာ မဟာမိတ်နိုင်ငံ များ ပစ္စည်းလျော်ကြေးပေးရေး ဥပဒေ (၁၉၅၁ ခုနှစ်၊ ဥပဒေအမှတ် ၂၆၄) တွင် ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များထက် မယုတ်သော စည်းကမ်းချက်များအရ ပေးရမည်။

အပိုဒ် ၇
၁။ ။ ဤစာချုပ်ချုပ်ဆိုသည့်နိုင်ငံတို့သည်၊ စစ်ဖြစ်လျှက်ရှိသည့် အခြေအနေသို့ မရောက်မီက တည်ရှိ သောတာဝန်များနှင့် ပဋိညာဉ်စာချုပ်များ (ခံဝန်ချုပ်များနှင့်စပ်ဆိုင်သည့် တာဝန်များနှင့် ပဋိညာဉ်စာ ချုပ်များပါဝင်သည်) မှလည်းကောင်း၊ စစ်ဖြစ်လျှက်ရှိသည့်အခြေအနေသို့ မရောက်မီကရရှိသည့် ဆိုင်ရာ ဆိုင်ခွင့်များမှလည်ကောင်း၊ ဖြစ်ပေါ်လာသောငွေကြေးနှင့် စပ်လျဉ်းသည့် ကြွေးမြီများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက၊ သို့တည်းမဟုတ် ပြည်ထောင်စု မြန်မာနိုင်ငံ၏နိုင်ငံသားတို့က၊ ဂျပန်နိုင်ငံအစိုးရ အား၊ သို့တည်းမဟုတ် ဂျပန်နိုင်ငံ၏ နိုင်ငံသားတို့အားသော်လည်းကောင်း၊ ဂျပန်နိုင်ငံအစိုးရက၊ သို့တည်းမဟုတ် ဂျပန်နိုင်ငံ၏နိုင်ငံသားတို့က ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရအား၊ သို့တည်းမဟုတ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားတို့အားသော်လည်းကောင်းပေးရန်ရှိလျှင်၊ ထိုပေးရန်ရှိသော ကြွေးမြီများပေးဆပ်ရ မည့်တာဝန်ကို စစ်ဖြစ်လျှက်ရှိသည့်အခြေအနေသို့ ဆိုက်ရောက်ခြင်းကြောင့် ထိခိုက်ခြင်း မရှိကြောင်း၊ ထို့ပြင် စစ်ဖြစ်လျှက်ရှိသည့်အခြေအနေသို့ မရောက်မီက ဖြစ်ပွားသော ပစ္စည်း ဆုံးရှုံးမှု၊ သို့တည်း မဟုတ် ပစ္စည်းပျက်ယွင်းမှုအတွက်ဖြစ်စေ၊ လူဒဏ်ရာရမှု သို့တည်းမဟုတ် လူသေဆုံး မှုအတွက်ဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက၊ ဂျပန်နိုင်ငံအစိုးရထံမှ သော်လည်းကောင်း၊ ဂျပန်နိုင်ငံအစိုးရက ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရထံမှသော်လည်ကောင်း၊ လျော်ကြေးတောင်းဆိုလျှင်၊ သို့တည်းမဟုတ် ထပ်မံတောင်းဆိုလျှင်၊ ထိုတောင်းဆိုချက်များနှင့် စပ်လျဉ်း၍၊ ထိုက်လျော်ရာ အကျိုး အပြစ်အလျောက် စဉ်းစားဆင်ခြင်ရမည့်တာဝန်ကိုလည်း၊ စစ်ဖြစ်လျှက်ရှိသည့် အခြေအနေသို့ဆိုက် ရောက်ခြင်းကြောင့် ထိခိုက်ခြင်းမရှိကြောင်း အသိအမှတ်ပြုပါသည်။
၂။ ။ စစ်မဖြစ်မီ ဂျပန်နိုင်ငံက တင်ရှိသည့်ပြည်ပကြွေးမြီနှင့် ဂျပန်နိုင်ငံတာဝန်ဖြစ်ကြောင်းဖြင့် နောက် ထပ်ကြေညာသည့်၊ တရားဝင်အဖွဲ့များ၏ ကြွေးမြီများအတွက်၊ ဂျပန်နိုင်ငံက တာဝန်ယူကြောင်းကို ဝန်ခံသည့်ပြင်၊ ထိုကြွေးမြီများပေးဆပ်ရေးကိစ္စ ပြန်လည်ပြုလုပ်မှုနှင့်စပ်လျဉ်း၍၊ မြီရှင်များနှင့် အဆော တလျင်စေ့စပ်ရန် ရည်ရွယ်ကြောင်းကိုလည်း အတိအလင်း ထုတ်ဖော်ပြောဆိုပါသည်။
၃။ ။ ဤစာချုပ်ချုပ်ဆိုသည့်နိုင်ငံတို့သည်၊ စစ်မဖြစ်မီက တောင်းဆိုသည့် အခြားအခွင့်အရေးများနှင့် လည်းကောင်း၊ ပေးရန်တာဝန်ရှိသည့် ငွေကြေးစသည်များနှင့် လည်းကောင်း၊ စပ်လျဉ်းသည့်စေ့စပ်မှုကို အားပေးလိုသည့်ပြင်၊ ထိုသို့အားပေးလိုသည့်အတိုင်း၊ ငွေကြေးလွှဲပြောင်းမှု လွယ်ကူစေရန်ကိုလည်း ဆောင်ရွက်ပါမည်။


အပိုဒ် ၈
၁။ ။ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားတို့အပေါ်တွင်၊ စစ်ကိုသော် လည်းကောင်း၊ စစ်ဖြစ်လျှက်ရှိသည့်အခြေအနေကြောင့် ဆောင်ရွက်သည့်အရေးကိစ္စများကိုသော်လည်း ကောင်း၊ အကြောင်းပြုလျှက်၊ ဂျပန်နိုင်ငံနှင့် ဂျပန်နိုင်ငံ၏နိုင်ငံသားတို့၏ တောင်းဆိုခွင့် အားလုံးကို ဂျပန်နိုင်ငံက စွန့်လွှတ်ပါသည်။


၂။ ။ အထက်ပါစွန့်လွှတ်ချက်တွင်၊ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ဤစာချုပ် အတည်ဖြစ် သည့်နေ့ရက်အထိ ဂျပန်သင်္ဘောများနှင့် စပ်လျဉ်း၍၊ မြန်မာနိုင်ငံက၊ သို့တည်းမဟုတ် ပြည်ထောင်စုမြန် မာနိုင်ငံက ဆောင်ရွက်သည့်အရေးကိစ္စများမှ ဖြစ်ပေါ်လာသော၊ တောင်းဆိုခွင့်များရှိလျှင်၊ ထိုတောင်းဆို ခွင့်များပါဝင်သည့်ပြင်၊ မြန်မာနိုင်ငံ၊ သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံလက်တွင်းရှိ ဂျပန်စစ်သုံ့ ပန်းများ၊ စစ်သားမဟုတ်သော ဂျပန်အကျဉ်းသားများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် တောင်းဆိုခွင့် များနှင့် ကြွေးမြီများရှိလျှင် ထိုတောင်းဆိုခွင့်များနှင့် ကြွေးမြီများလည်း ပါဝင်သည်။ သို့ရာတွင် ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှစ၍ ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ၊ သို့တည်းမဟုတ် ပြည်ထောင်စု မြန်မာနိုင်ငံတရားဥပဒေများတွင် သီးခြားအသိအမှတ်ပြုထားသည့် ဂျပန်တောင်းဆိုခွင့်များ မပါဝင်ချေ။