၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ

၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ  (1956) 
၁၉၅၆ ခုနှစ်၊ နောက်ထပ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲရေးအက်ဥပဒေ။

[၁၉၅၆ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၁။]
၁၉၅၆ ခုနှစ်

အောက်ပါအတိုင်းအက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။

၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့် နှစ်အတွက် နောက်ထပ် ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲခြင်း။
၁။ ။ (၁) ဘဏ္ဍာရေးဝန်ကြီးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏အခွန်တော်များမှ စုစုပေါင်းကျပ်ငွေ ၄, ၆၉, ၀၄, ၄၁၀ (ဤအက်ဥပဒေ ဇယားတွင် ဖေါ်ပြထားသည်) ကို ထုတ်၍၊ ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက် နေ့၌ ကုန်ဆုံးသည့်နှစ်ဆိုင်ရာ အသုံးစရိတ်များနှင့် ကိစ္စများအတွက် ခွဲဝေသုံးစွဲနိုင်သည်။
(၂) ပုဒ်မခွဲ (၁) တွင်ခွင့်ပြုထားသည့်ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲခြင်းသည်၊ ၁၉၅၆ ခုနှစ်၊ နောက်ထပ်ဘဏ္ဍာ တော်ငွေ ခွဲဝေသုံးစွဲရေးအက်ဥပဒေ (၁၉၅၆ ခုနှစ်၊ အက်ဥပဒေ အမှတ်၂) အရခွင့်ပြုထားသည့် ဘဏ္ဍာတော် ငွေခွဲဝေသုံးစွဲခြင်းအပြင် နောက်ထပ်သုံးစွဲခြင်းဖြစ်သည်ဟူ၍မှတ်ယူရမည်။


၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့်နှစ်အတွက် ငွေချေးယူခြင်း။
၂။ ။ (၁) ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ကုန်ဆုံးသည့်နှစ်အတွင်း၊ စုစုပေါင်းကျပ်ငွေ ၄, ၀၇, ၆၀, ၀၀၀ ထက် မပိုသောငွေများကို၊ ဘဏ္ဍာရေးဝန်ကြီးသည်၊ အစိုးရ ငွေချေးစာချုပ်များ ထုတ်ပေးခြင်းဖြင့်ဖြစ် စေ၊ အခြားနည်းဖြင့် ဖြစ်စေ မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။ ထို့ပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်ကလည်း၊ ထိုနှစ်အတွင်း ထိုငွေများကိုဘဏ္ဍာရေးဝန်ကြီးအား၊ ထုတ်ချေးရမည်။ ထိုကဲ့သို့ ငွေချေး သောကိစ္စအတွက် ဘဏ္ဍာရေးဝန်ကြီးသည်၊ မိမိသင့်သည်ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်၍၎င်း၊ ပြန် ဆပ်ရန်၊ ပြန်ရွေးရန်၊ သို့တည်းမဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များထား၍၎င်း အာမခံစာချုပ် များပြုလုပ်၍ထုတ်ပေးနိုင်သည်။
(၂) ဤအက်ဥပဒေအရချေးယူရရှိသောငွေအားလုံးကို ပြည်ထောင်စုနိုင်ငံ၏ အခွန်တော်များတွင်ထည့်သွင်း ရမည်။
(၃) ဤအက်ဥပဒေအရထုတ်ပေးသည့် အာမခံစာချုပ်များနှင့် သက်ဆိုင်သောငွေရင်းနှင့် အတိုးကို၎င်း၊ ဤ အာမခံစာချုပ်များထုတ်ပေးသည့်ကိစ္စနှင့်စပ်လျဉ်း၍ ကုန်ကျသည့်စရိတ်ငွေများကို၎င်း၊ ပြည်ထောင်စုနိုင်ငံ ၏အခွန်တော်များမှ ထုတ်ပေးရမည်။
(၄) ပုဒ်မခွဲ (၁) တွင် ခွင့်ပြုထားသည့် ငွေချေးယူခြင်းသည်၊ ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ(၁၉၅၅ ခုနှစ်၊ အက်ဥပဒေ အမှတ်၄၄) အရခွင့်ပြုထားသည့် ငွေချေးယူခြင်းအပြင်၊ နောက်ထပ် ငွေချေးယူခြင်းဖြစ်သည်ဟူ၍ မှတ်ယူရမည်။
အဘိုး-၁၀ပြား]