၁၉၇၃ ခုနှစ်၊ မူလတန်းပညာသင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ

၁၉၇၃ ခုနှစ်၊ မူလတန်းပညာသင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ  (1973) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

၁၉၇၃ ခုနှစ်၊ မူလတန်းပညာသင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ

[၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေ အမှတ် ၁၇။]

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်။

(၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။)


အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကြေညာသည်-

ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်-

၁။ ။ (က) ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ မူလတန်းပညာ သင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ ဟုခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ချက်ချင်း အာဏာတည်ရမည်။


၂။ ။ (က) ဤဥပဒေနှင့် မူလတန်းပညာ သင်ကြားရေး အက်ဥပဒေ (The Primary Education Act)၊ ၁၉၅၀ ခုနှစ်၊ မူလတန်းပညာ သင်ကြားရေး (ယာယီပြင်ဆင်ချက်) အက်ဥပဒေ [The Primary Education (Temporary Amendment) Act, 1950] နှင့် ၁၉၅၁ ခုနှစ်၊ မူလတန်းပညာ သင်ကြား ရေးအက်ဥပဒေသက်ဆိုင်ရေး အက်ဥပဒေ (The Primary Education Act Application Act, 1951) တို့ကို ရုပ်သိမ်းလိုက်သည်။

(ခ) ယင်းသို့ ရုပ်သိမ်းလိုက်သည့်အခါ မြန်မာနိုင်ငံ ယေဘုယျ စကားရပ် အက်ဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။


(ပုံ) နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်။

(၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။)


အမိန့်အရ၊

(ပုံ) ဒုတိယ ဗိုလ်မှူးကြီး မြကျော်၊

အတွင်းရေးမှူး၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။