၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ  (2015) 
by သိန်းစိန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

ပြည်ထောင်စုလွှတ်တော်ရုံး

၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၂။)

၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်

(၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေ ရမည်။

၂။ ၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၃) ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအလိုက် စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းပြီးသည့်နေ့မှစ၍ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်