Category:ဒုံးချင်း
ဒုံးချင်း ဆိုသည်မှာ အချို့သော မြို့ရွာဒေသများ၌ ဘုန်းကြီးပျံ လောင်တိုက်တို့ကို စျာပနပြာချ မီးသင်္ဂြိုဟ် ကြသောအခါ ရိုးရိုးတန်းတန်း ပကတိမီးတို့ဖြင့် သင်္ဂြိုဟ်ခြင်း မပြုကြဘဲ အမြှောက်ပုံသဏ္ဌာန် ပြောင်းတံ၌ စနက်တံ ယမ်းမီးတို့ဖြင့် စီရင်ထားသော ဒုံး (ဒုံးပျံ)ကို လောင်တိုက်ရှိရာသို့ ကြိုးနှင့်သွယ်တန်းကာ ဒုံးလွှတ်ပြီး မီးသင်္ဂြိုဟ်လေ့ ရှိကြသည်။ ထိုသို့ ဒုံးလွှတ်သောအခါ သီဆိုအပ်သော ကဗျာသီချင်းကို ဒုံးချင်းဟု ခေါ်ကြသည်။ မြန်မာစာညွန့်ပေါင်းကျမ်းတွင် (တုံးချင်း)ဟု တ-ဝမ်းပူနှင့်ရေးသည်။
လှေပြိုင်၊ လှည်းပြိုင်စသော အပြေးပြိုင်ပွဲကို ဒုံးပြေးသည်၊ ဒုံးပြိုင်သည်ဟုလည်း အခေါ်ရှိသည်။ (နန္ဒမာလိနီ မှ)
ဒုံးချင်းသည် ကရင်ဒုံးယိမ်းနှင့် မဆိုင်ပါ။
Pages in category "ဒုံးချင်း"
The following 4 pages are in this category, out of 4 total.