Page:နန္ဒီသေနပျို့.pdf/16

This page has been proofread.
 
၁၃
နန္ဒီသေနပျို့
 

( ဤဂါထာဝယ် ပထမပါဒ၌ အက္ခရာ ခုနစ်လုံးသာ ရှိ၏။ “အဋ္ဌက္ခရပါဒ”သာမဟုတ်၊ “သတ္တက္ခရ ပါဒ”များလည်း ရှိသင့်ရကား မပြင်သာချေ။ ပါဠိတော်တို့၌လည်း သတ္တက္ခရပါဒ ဂါထာ အများအပြားပင် တွေ့ရှိရသည်။ )

ဒွိဇာဓိပေါ ဝါရိဧဝဂေါ၊
ဥသဘော ဓနုကောပိစ၊
မကရော ဘုဇဂေါစေတိ၊
ဆဓာ သေနာ ယုဒ္ဓါ ဗျူဟာ။

နဒိစရံ ဝိစ္ဆိကဉ္စ၊
သကဋံ မဓုဝတ္တနံ၊
ဓင်္ကပါဒံ ဥဒ္ဓနဉ္စ၊
ဆဓာ သေနာ ပဋိဂ္ဂဟာ။

ဒွိဇာဓိပေန သကဋံ
ဥသဘေနစ ဥဒ္ဓနံ
နဒိစရံ ဝိစ္ဆိကဉ္စ၊
ဝါရှိဝေဂေန ဘိန္ဒတိ။

ဓင်္ကပါဒံ မကရေန၊
ဘုဇဂေန မဓုကရံ၊
ဓနုပက္ခေန ဝိညေယျံ၊
ဆဗ္ဗိဓံ သေနဘေဒနံ။

“မြင့်မို လက်ယာ၊ တောင်မျက်နှာထက်၊ နေဝါ ဆီမီး၊ ဖုန်းတန်းကြီး၍၊ သမီးကညာ၊ ရောက်စိမ့်ငှါဟု၊ အာဏာ မခြောင်း၊ မခြိမ်း မောင်းလျက်၊ ထီးဆောင်း နန်းပိုင်၊ ကိုယ်စီဆိုင်သား၊ တနိုင်ငံခြား၊ ထိုမင်း အားကို၊ နတ်များ နှိုးဆော်၊ ပင့်ချီခေါ်မှ၊ ထံတော် စက်အောက်၊ ဆက်လှာ ရောက်၍၊ အားမြှောက် ချီပင့်၊ ကြုံစတင့်သည်၊ လင်းပွင့် တန်ခိုး၊ ပြည့် ထိပ်မိုး၊၊မှတ်ရိုး နည်းနာ၊ စစ်ရေးမှာမူ၊ အင်္ဂါတရပ်၊ စစ်ကပ် ထုံးမှီ၊ စစ်ချီ ထုံးမျိုး၊ စစ်ထိုး ထုံးစံ၊ စစ်ခံ တချက်၊ စစ်ဖျက် တတန်၊ စစ်ပြန် တခြား၊ ခုနစ်ပါးဟု၊ ကြောင်းလျားဥဿုံ၊ အကျဉ်းစုံသည်၊၊ မှတ်ပုံ, မှတ်ဖွယ် စကားတည်း။