Page:ပါရာဇိကပါဠိတော်.pdf/107

This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေရာ ရဟန်းတို့သည် သေစေလို၍ ထိုရဟန်းကိုအစာကျွေးကြသဖြင့် ထိုရဟန်းသည် သေလေ၏။ပ။

ထိုရဟန်းသည် မသေချေ၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းတို့ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၅၅-၅၆)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေရာ ရဟန်းတို့သည် ထိုရဟန်းအားအဖျော်တိုက်ကြသဖြင့် ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်းတို့ သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၅၇)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေရာ ရဟန်းတို့သည် သေစေလို၍ ထိုရဟန်းအား အဖျော်ကို တိုက်ကြသဖြင့် ထိုရဟန်းသည် သေလေ၏။ပ။

ထိုရဟန်းသည် မသေချေ၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းတို့ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၅၈-၅၉)

၁၈၆။ တစ်ရံရောအခါ မိန်းမတစ်ယောက်သည် လင်ယောက်ျား အရပ်တစ်ပါးသို့ သွားနေခိုက်'လင်မရှိခိုက်' သယောက်လင် 'လင်ငယ်' နှင့် ကိုယ်ဝန် ရနေ၏၊ ထိုမိန်းမသည် အိမ်သို့ ကပ်သော ဆရာရဟန်းကို "အသျှင်ဘုရား တောင်းပန်ပါရစေ၊ ကိုယ်ဝန်ကျဆေး 'သားလျှောဆေး' ကို သိတော်မူပါလော့"ဟု လျှောက်ရာ "ကောင်းပြီ နှမ"ဟု ဝန်ခံ၍ ထိုမိန်းမအား ကိုယ်ဝန်ကျဆေးကို ပေးရာ (ဝမ်းတွင်းရှိ) ကလေးသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၆၀)

တစ်ရံရောအခါ ယောက်ျားတစ်ယောက်အား မယားနှစ်ယောက်ရှိလေရာ တစ်ယောက်က မြုံ ၍တစ်ယောက်က သားဖွားသူ ဖြစ်၏၊ အမြုံမသည် အိမ်သို့ ကပ်သော ဆရာရဟန်းကို "အသျှင်ဘုရား ဤမိန်းမ သားဖွားလျှင် ဥစ္စာအားလုံးကို စိုးပိုင်သွားပါလိမ့်မည်၊ အသျှင်ဘုရား တောင်းပန်ပါရစေ၊ ထိုမိန်းမ၏ကိုယ်ဝန်ကျဆေးကို သိတော်မူပါလော့"ဟု လျှောက်ရာ "ကောင်းပြီ နှမ"ဟု ဝန်ခံ၍ ထိုမိန်းမအားကိုယ်ဝန်ကျဆေးကို ပေးရာ ကလေးသေ၏၊ အမိကား မသေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၆၁)

တစ်ရံရောအခါ ယောက်ျားတစ်ယောက်အား မယားနှစ်ယောက်ရှိလေရာ တစ်ယောက်က မြုံ၍ တစ်ယောက်က သားဖွားသူ ဖြစ်၏၊ အမြုံမသည် အိမ်သို့ ကပ်သော ဆရာရဟန်းကို "အသျှင်ဘုရား ဤမိန်းမ သားဖွားလျှင် ဥစ္စာအားလုံးကို စိုးပိုင်သွားပါလိမ့်မည်၊ အသျှင်ဘုရား တောင်းပန်ပါရစေ၊ ထိုမိန်းမ၏ ကိုယ်ဝန်ကျဆေးကို သိတော်မူပါလော့"ဟု လျှောက်ရာ "ကောင်းပြီ နှမ"ဟု ဝန်ခံ၍ ထိုမိန်းမအား ကိုယ်ဝန်ကျဆေးကို ပေးရာ မိခင်သေဆုံးပြီး ကလေး မသေဘဲ ရှိ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၆၂)