၂၆၁။ အညိုအဆင်းရှိသော သုက်ကို လွတ်စေအံ့ဟုစေ့ဆော်၏၊ လုံ့လပြု၏။ ထောပတ်အဆင်းရှိသော သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
အဝါအဆင်းရှိသော သုက်ကို။ အနီအဆင်းရှိသော သုက်ကို။ အဖြူအဆင်းရှိသော သုက်ကို။ ရက်တက်ရည်အဆင်းရှိသော သုက်ကို။ ရေအဆင်းရှိသော သုက်ကို။ ဆီအဆင်းရှိသောသုက်ကို။ နို့ရည်အဆင်း ရှိသော သုက်ကို။ နို့ဓမ်းအဆင်းရှိသော သုက်ကို လွတ်စေအံ့ဟုစေ့ဆော်၏၊ လုံ့လပြု၏၊ ထောပတ် အဆင်းရှိသော သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ကျောစက် 'ပိဋ္ဌိစက်' ဒသမလှည့်ပုံ ပြီး၏။
ကျောစက် 'ပိဋ္ဌိစက်' ပြီး၏။
၂၆၂။ စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ စေ့ဆော်၏၊ လုံ့လ ပြု၏၊ မလွတ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ စေ့ဆော်၏၊ လုံ့လမပြု၊ လွတ်အံ့၊ အာပတ်မသင့်၊ စေ့ဆော်၏၊ လုံ့လ မပြု၊ မလွတ်အံ့၊ အာပတ်မသင့်။ မစေ့ဆော်၊ လုံ့လပြု၏၊ လွတ်အံ့၊ အာပတ် မသင့်။ မစေ့ဆော်၊ လုံ့လပြု၏၊ မလွတ်အံ့၊ အာပတ်မသင့်။ မစေ့ဆော်၊ လုံ့လမပြု၊ လွတ်အံ့၊ အာပတ်မသင့်။ မစေ့ဆော်၊ လုံ့လမပြု၊ မလွတ်အံ့၊ အာပတ်မသင့်။
အိပ်မက်မြင်မက်သဖြင့် သုက်လွတ်သော ရဟန်း၊ မလွတ်စေလိုသော ရဟန်း၊ (သည်းခြေပျက်၍) ရူးသော ရဟန်း၊ (ဘီလူးဖမ်း၍) စိတ်ပျံ့လွင့်သော ရဟန်း၊ ဝေဒနာဖိစီးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းအား အာပတ် မသင့်။
စက်လှည့်ပုံ ပြဆိုရာအခန်း ပြီး၏။
ဝိနီတဝတ္ထုခေါင်းစဉ်မာတိကာ
အိပ်မက်၊ ကျင်ကြီး၊ ကျင်ငယ်၊ ကြံစည်၊ တွေးတောခြင်း၊ ရေနွေးချိုးခြင်း၊ ဆေး၊ ယားနာ၊ လမ်းခရီး၊ သိုအိမ်၊ မီးဇရုံးအိမ်၊၁ လုံ့လပြုခြင်း။
သာမဏေ၊ အိပ်ပျော်သူ၊ ပေါင်၊ လက်ဆုပ်ဖြင့်၊ ညှပ်ခြင်း၊ ကောင်းကင်၌ ဆန့်ခြင်း၊ ကြည့်ခြင်း၊ သော့ပေါက်၊ သစ်သားဖြင့် ပွတ်တိုက်သူ။
ရေအလျဉ်၊ ရေညွန်၊ ပြေးခြင်း၊ ပန်းကုံး၊ ကြာတော၊ သဲညွန်၊ ရေလောင်းခြင်း၊ အိပ်ရာ၊ လက်မ၊ ဤကား ခေါင်းစဉ်မာတိကာတည်း။
၁။ မီးဇရုံးအိမ်ဟူသည်- ဆီးနှင်းများသော အရပ်တို့၌ ဆီးနှင်းကြောင့်ဖြစ်သော ရောဂါစသည်ကို တားမြစ်ရန်အလို့ငှါ ကိုယ်မှ ချွေးထုတ်ရာဌာနတည်း။