Page:ပါရာဇိကပါဠိတော်.pdf/186

This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမစီးနေသော လှေကို တပ်မက်သော စိတ်ရှိ၍ လှုပ်၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၅)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမကိုင်နေသော ကြိုးကို တပ်မက်သော စိတ်ရှိ၍ ဆွဲ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ်မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၆)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမကိုင်သော တုတ်ကို တပ်မက်သော စိတ်ရှိ၍ ဆွဲ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၇)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တပ်မက်သော စိတ်ရှိ၍ မိန်းမကို သပိတ်ဖြင့် တွန်း၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၈)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမက ရှိခိုးလတ်သော် တပ်မက်သော စိတ်ရှိ၍ ခြေကို ကြွ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သံဃာဒိသိသ် အာပတ်သင့်ပြီဟု (မိန့်တော်မူ၏)။ (၁၉)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမကို ကိုင်အံ့ဟု လုံ့လပြုသော်လည်း မတို့ထိမိဘဲ ရှိ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၀)

ဒုတိယ ကာယသံသဂ္ဂသိက္ခာပုဒ် ပြီး၏။

၃-ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်

၂၈၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ အသျှင်ဥဒါယီသည် တော၌ နေ၏၊ ထိုအသျှင်၏ကျောင်းသည် အလွန်လှပ၏၊ ရှုချင်ဖွယ်ကောင်း၏။ စိတ်ကို ကြည်လင်စေတတ်၏၊ ထိုအခါကျောင်းကြည့် လိုကုန်သော များစွာသော မိန်းမတို့သည် အရံတွင်းသို့ လာကြကုန်၏၊ ထို့နောက်