Page:ပါရာဇိကပါဠိတော်.pdf/44

This page has not been proofread.

ရဟန်းမိန်းမတို့၏ အကြင် အာပတ်တို့သည် ရဟန်းယောက်ျားတို့နှင့် သက်ဆိုင်ကုန်၏၊ ထိုအာပတ်တို့ကို ရဟန်းယောက်ျားတို့၏ အထံ၌ ကုစားခြင်းငှါ ခွင့်ပြုတော်မူ၏၊ ရဟန်းမိန်းမတို့၏ အကြင်အာပတ်တို့သည့်ရဟန်း ယောက်ျားတို့နှင့် မသက်ဆိုင်ကုန်၊ ထိုအာပတ်တို့ဖြင့် အာပတ် မသင့်ပေဟု (မိန့်တော်မူ၏)။ (၁၅)

၇၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု (ကြံစည်၍) အမိ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ သမီး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ အစ်မ နှမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ငါသည် ပါရာဇိက ကျလေသလောဟု ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။ပ။ ရဟန်းသင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၆-၁၈)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မယားဟောင်း၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၉)

၇၁။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နူးညံ့သော ကျောက်ကုန်းရှိ၏၊ ကျောပျော့၏၊ ထိုရဟန်းသည် မပျော်ပိုက်ခြင်း နှိပ်စက်ရကား ပျင်းရိသဖြင့် မိမိ၏ အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် စုပ်လေ၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၀)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရှည်သော အင်္ဂါဇာတ်ရှိ၏၊ ထိုရဟန်းသည် မပျော်ပိုက်ခြင်းနှိပ်စက်ရကား မိမိ၏ အင်္ဂါဇာတ်ကို မိမိ၏ ဝစ္စမဂ်သို့ သွင်းလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၁)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သူသေကောင်ကို မြင်လေ၏၊ ထိုသူသေကောင်၌ အင်္ဂါဇာတ်အနီးတွင် အိုင်းအမာအနာ ရှိ၏၊ ထိုရဟန်းသည် ဤသို့ ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု (သူသေ၏) အင်္ဂါဇာတ်၌ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းပြီးလျှင် အိုင်းအမာအနာမှ ထုတ်၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သူသေကောင်ကို မြင်လေ၏၊ ထိုသူသေကောင်၌ အင်္ဂါဇာတ်အနီးတွင် အိုင်းအမာအနာ ရှိ၏၊ ထိုရဟန်းသည် ဤသို့ ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု အိုင်းအမာအနာ၌ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းပြီးလျှင် အင်္ဂါဇာတ်မှ ထုတ်၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တပ်နှစ်သက်သော စိတ်ဖြစ်ပေါ်လာရကား ပန်းချီဆေးရေးရုပ်၏ နိမိတ်အင်္ဂါဇာတ်ကို (မိမိ) အင်္ဂါဇာတ်ဖြင့် တို့လေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၄)