Page:ပါရာဇိကပါဠိတော်.pdf/46

This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ များသောအားဖြင့် ခွေးမစားသေးသော သူသေကောင်ကိုမြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ များသောအားဖြင့် ခွေးစားပြီးသော သူသေကောင်ကို မြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုကု္ကစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်း အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ (၃၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ ဦးခေါင်းပြတ်ကို မြင်၍ ဟင်းလင်းပွင့်သောပါးစပ်၌ (နံပါးအစောက်ကို) ထိစေလျက် အင်္ဂါဇာတ်ကို သွင်း၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုကု္ကစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ ဦးခေါင်းပြတ်ကို မြင်၍ ဟင်းလင်းပွင့်သောပါးစပ်၌ (နံပါးအစောက်ကို) မထိစေမူ၍ အင်္ဂါဇာတ်ကို သွင်း၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုကု္ကစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၃၅)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမတစ်ယောက်၌ တပ်နှစ်သက်သော စိတ်ဖြစ်နေ၏။ ထိုမိန်းမသေ၍ သင်းချိုင်း၌ စွန့်ပစ်ထားရာ အရိုးတို့သည် ပြန့်ကျဲ၍ နေကုန်၏။ ထိုရဟန်းသည် သင်းချိုင်းသို့ သွား၍ အရိုးတို့ကို စုရုံးပြီးလျှင် နိမိတ်နေရာ၌ အင်္ဂါဇာတ်ကို ကျစေ၏ 'သွင်း၏'၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၃၆)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နဂါးမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ နတ်မိန်းမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ ပြိတ္တာမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ ပဏ္ဍုက်အား (ဝစ္စမဂ် မုခမဂ်၌) မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၇-၄၀)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကာယပသာဒ ပျက်နေ၏၊ ထိုရဟန်းသည် "ငါသည် ကောင်းမကောင်းကို မခံစားနိုင်၊ ငါ့အား အာပတ်သင့်မည် မဟုတ်"ဟု မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ "ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ ပါရာဇိကအာပတ် သင့်၏"ဟု (မိန့်တော်မူ၏)။ (၄၁)