ပစ်ချ၍ ပြေးကုန်၏၊ ရဟန်းတို့သည် "ဥစ္စာရှင်များ မမြင်မီ (သုံးဆောင်အံ့)"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးဆောင်ကြကုန်၏၊ ဥစ္စာရှင်တို့သည် ထိုရဟန်းတို့ကို "သင် (အသျှင်ဘုရား) တို့သည် ရဟန်း မဟုတ်ကြတော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းတို့အား တွေး တောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းတို့ သင်တို့သည် ပါရာဇိက ကျကုန်ပြီဟု (မိန့်တော်မူ၏)။ (၇၁-၇၆)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့သရက်သီးကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုး၏။ပ။ သံဃာ့သပြေသီးကို။ပ။ သံဃာ့တောင်ပိန္နဲသီးကို။ပ။ သံဃာ့ပိန္နဲသီးကို။ပ။ သံဃာ့ထန်းသီးမှည့်ကို။ပ။ သံဃာ့ကြံကို။ပ။ သံဃာ့တည်သီးကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၇၇-၈၃)
၁၄၉။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ပန်းဥယျာဉ်သို့ သွား၍ ဆွတ်ခူးပြီးသော ငါးပဲတန် ပန်းကိုခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ ။ပ။ ရဟန်းသင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၈၄)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ပန်းဥယျာဉ်သို့ သွား၍ ငါးပဲတန်ပန်းကို ဆွတ်ခူးပြီးလျှင် ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ ။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၈၅)
၁၅၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာငယ်တစ်ခုသို့ သွားရာ အခြားရဟန်းတစ်ပါးကို "ငါ့သျှင်သင်၏ အလုပ်အကျွေး အမျိုး 'ဒါယကာ' ကို (သင်) မှာတိုင်း ငါပြောမည်"ဟု ဆို၏၊ ထိုရဟန်း သည်သွား၍ အဝတ်တစ်ထည်ကို ဆောင်ယူစေပြီးလျှင် မိမိသည် သုံးဆောင်၏၊ ထို (မှာသော) ရဟန်း သည်သိ၍ ထို (အဝတ်သုံးစွဲသော) ရဟန်းကို "သင် ရဟန်း မဟုတ်တော့ပြီ"ဟု စွပ်စွဲ၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့"(သင်) မှာတိုင်း ပြောမည်"ဟု မဆိုရ၊ ဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၈၆)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာငယ်တစ်ခုသို့ သွားရာ ရဟန်းတစ်ပါးသည် ထို (သွားသော) ရဟန်းကို "ငါ့သျှင် ငါ၏ အလုပ်အကျွေးအမျိုး 'ဒါယကာ' ကို ငါမှာတိုင်း ပြောလိုက်ပါ"ဟု ဆို၏၊ ထိုရဟန်းသည် သွား၍ အဝတ်တစ်စုံကို ယူဆောင်စေပြီးလျှင် တစ်ထည်ကို မိမိ သုံးဆောင်၏၊ တစ်ထည်ကို ထို (မှာလိုက်သော) ရဟန်းအား ပေး၏၊ ထို (မှာသော) ရဟန်းသည် သိ၍ ထို (သုံးဆောင်သော) ရဟန်းကို "သင် ရဟန်းမဟုတ်တော့ပြီ"ဟု စွပ်စွဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့ "(ငါ) မှာတိုင်း ပြောလိုက်ပါဟုမဆိုရ၊ ဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏"ဟု (မိန့်တော်မူ၏)။ (၈၇)