Page:ရွှေဘုံနိဒါန်း.pdf/117

This page has been proofread.

ဆောင်ဆောင်သော ရွှေသားမှန်ခြယ် နန်းတော်သည်၎င်း၊

နတ်ပြည်နှစ်ထပ်ကို အုပ်ချုပ်လျက် သုံးကျိပ်နှစ်ပါးသော

သိကြားတို့ကို အစိုးရသော ဒေဝိန္ဒရာဇာ အမည်ရှိသော

သိကြားမင်းကဲ့သို့ အပြည်ပြည်ထောင်မင်းတို့၏ အထွတ်

ဖြစ်တော်မူ၍ အမင်းမင်းတို့ မဆက်ဆံနိုင်သော မုဒ္ဓါဘိ

သေကကို ခံတော်မူသဖြင့် သီရိပဝရတိလောက ပဏ္ဍိတ

မဟာဓမ္မရာဇာ တံဆိပ်နာမတော် ရှိတော်မူသော ဘုန်း

တော် အလွန်ကြီးမြတ်တော်မူလှသော အသျှင် ဘဝရှင်

မင်းတရားကြီးသည် ဝေဇယန္တာနန်းထက် သုဇိတာ

သုနန္ဒာ သုဓမ္မာ သုစိတ္တာ အနန္တရဒေဝီ အစရှိသော နတ်

မိဘုရားတို့ဖြင့် ခြံရံသကဲ့သို့ တောင်နန်းညာတင် အသျှင်

မိဘုရားခေါင်ကြီး နန်းတော်အဆောင်တော်ဟူ၍ သမုတ်

အပ်သော အသျှင် မိဘုရားကြီး၊ ဒေဝီ ဘွဲ့နာမံရှိသော

အသျှင်မိဘုရားလတ်၊ မဟေသီ ဘွဲ့နာမံအမည်ရှိသော အ

သျှင်မိဘုရားငယ်၊ ဝတီ ဘွဲ့နာမံရှိသော ကိုယ်လုပ်တော်

ကြီး၊ သီရိ ဘွဲ့နာမံရှိသော ကိုယ်လုပ်တော်လတ်၊ မင်း

တပ်၍ ခေါ်ဝေါ်အပ်သော နှစ်လုံးသောအက္ခရာ သုံးလုံး

သောအက္ခရာ ဘွဲ့နာမံရှိသော ကိုယ်လုပ်တော်ငယ်၊ သုံး

သွယ်သုံးခြားတို့ဖြင့် ခြံရံစံပယ်တော်မူလျက် မင်းတို့

ကျင့်ရာသော လောကီလောကုတ္တရာတရားတို့ကို ကျင့်

ဆောင်တော်မူ၍ သက်တော်ရာကျော် ရှည်တော်မူသ

ဖြင့် သာသနာတော်စီးပွား ကိုယ်တော်မြတ်စီးပွား

သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်