Page:ရွှေဘုံနိဒါန်း.pdf/118

This page has been proofread.

စီးပွား တိုင်းသားပြည်သူ လူသတ္တဝါတို့၏ စီးပွားကို နေ့

ညမပြတ် ရွက်ဆောင်တော်မူ၍ သတ္တရတနာတို့သည်

လနှစ်မကြာ ဆောစွာရောက်မည်။ ကောင်းကျိုးမင်္ဂလာ

စုဝေးရာဖြစ်သော ဘုရာ့ရွှေလက်ထက်တော်၌ ပြည့်စုံ

ထင်ရှားသည်များကို ဆိုရာဆိုကြောင်း မှတ်ရာမှတ်

ကြောင်းဖြစ်သော ရွှေဘုံနိဒါန်းစာစောင်သည် ကမ္ဘာ

ပတ်လုံးတည်သော ကပ္ပဋ္ဌိတိလေးပါးကဲ့သို့ သုဝဏ္ဏ

ဝိမာန နိဒါနတံဆိပ်ခတ်သဖြင့် သိရိလက္ခ မာဃကာ

ယေ သာသနာတော် ၂၃၂၇ ခုနှစ်၊ ကောဇာသက္က

ရာဇ် ၁၁၄၅ ခုနှစ်ရောက်သော ကာလ၌ ဝနပ္ပဂုမ္ဗေယ

ထာဖုသိတဂ္ဂေ ဂိမှာနမာသေ ပဌမသ္မိံဂိမှေ ပါဌ်တော်ရှိ

သည်နှင့်အညီ တောအုပ်သစ်ပင်တို့သည် အရင်းမှအဖျား

သို့ အရသာတက်သော ဂိမှာန်အစ ပဌမဖြစ်သော တ

ပေါင်းလဆန်း ၂ ရက်၊ စနေနေ့ နံနက် တချက်

တီးအခါ၌ ရွှေဘုန်းတော်ကို ခိုလှုံ၍ မပင်မပန်း ရေးသား

ပြီးပြည့်စုံ၏။


လင်္ကာသုံးမည် သိနားလည်လျက် မွှေးကြည်မဉ္ဇူ

နှုတ်လှိုင်ကြူဖြင့် ဇမ္ဗူနဒ ဟိရညနှင့် ဟေမအာနီ စာမီ

ကရ အညမတ္တိ နာလာရိက နာလိမုတ္တာ ရတနာရွှေ

သား အပါးပါးကို စုထားနှီးရော စပ်နှောကြည်လင်

ခြားမထင်သို့ ဗေဒင်ကျမ်းဂန် ထုံးမှန်တန္တု ဝတ္ထုပုံ

ပြင် ရာဇဝင်ပေါင်း စကားဟောင်းတည့် အကြောင်း