Page:ရွှေဘုံနိဒါန်း.pdf/21

This page has been proofread.

စည်ကြီး ခေါင်းလောင်း လှံပျံ နတ်လှေတို့ဖြင့် ပြည့်စုံ

ခြင်း၊ သတင်းတန်ခိုး မြေမိုးနှံ့မျှ ဘုန်းအာဏာရှိသော

ဒွတ္တပေါင်မင်းသည် တံထွေးထွေးသည့်ကာလ မြေသို့ကျ

လျှင် နဂါးတို့မခံနိုင်၍ တံထွေးခံရန် ထွေးခံဆက်သည်ဆို

သည်။ ထွေးခံ ထွေးအင် တချက်တည်းပင် ဖြစ်သည်။ သို့

ဖြစ်၍ ရွှေထီးရွှေနန်းအဆက်ဆက် အဆောင်အရွက်

ပေးတော်မူလျှင် ကွမ်းခွက် လက်ဘက်အိုး တကောင်း

ပိတ်နှင့် အတူမဟုတ်၊ ထွေးအင်မှာ နောံမှပေးသည်ဖြစ်၍

စာချွန်တစောင်ပင် ဖြစ်သည်။ ထွေးအင် အရာကြီးသည်

ဆိုလိုသည်။ ကလပ်မှာ ရာမညတိုင်း မင်းတို့အဆောင်

ဖြစ်သည်။ ကွမ်းလောင်းကြီး ကွမ်းလောင်းငယ်မှာ တ

ကောင်းမင်းတို့ အဆောင်အရွက်ဖြစ်သည်။ ကျပ်မှာ သ

ထုံမင်းတို့ အဆောင်ဖြစ်သည် ဆိုသည်။ ပဏ္ဍဝတောင်၏

သဏ္ဌာန်လည်း ဆိုသည်။ ကျပ်မြင်းမိုရ်မှာ တကောင်းမင်း

ယောက်ဖ အိမ်ရှေ့မင်းသည် ဝက်ကြီးကို ခွင်းပြီးသည့်

နောက် ရသေ့ပြု၍ နေသည်။ ချဉ်ဆားမှီးအံ့သောငှာ လူ

ရှိရာအရပ်သို့ လာသည်။ လမ်းခရီး ကျပ်တီးအရပ်၌ မြင်း

မိုရ်ကိုအစိုးရသော သိကြားမင်းသည် ချဉ်ဆားဖန်ဆင်း

၍ ထည့်ရန်နှင့်တကွ ကပ်လေသည်။ ထိုကိုအမှတ်ပြု၍

ရဟန်းတို့မှာ ခွက်အုပ် ခေါ်ဝေါ်သုံးဆောင်လေသည်။

ပြည်တည်ရာအရပ်မှာလည်း ရသေ့နေသည့်အရပ်၌ပင်

ပြည်တည်လေသည်ဖြစ်၍ ရသေ့ပြည် ခေါ်ဝေါ်သည်။ မ

ဟာသမ္ဘဝမင်းသားအား သိကြားပေးအပ်သည့်အ