Page:ရွှေဘုံနိဒါန်း.pdf/22

This page has been proofread.

ဆောင်ကို ရသေ့ကအပ်၍ သုံးဆောင်သည်။ မဟာသမ္ဘဝ

မင်း၊ စူဠသမ္ဘဝမင်းတို့ သုံးဆောင်သည်တွင် ကျပ်မြင်း

မိုရ် ခေါ်ဝေါ်သမုတ်သည်။ ကျပ်မြင်းမိုရ်လည်း မှူးမတ်တို့

အဆောင် မဟုတ်၊ မင်းသားတို့အဆောင် ဖြစ်သည်။ ကျပ်

မြင်းမိုရ်ကိုပင် ကျပ်လှ ဟူ၍ ဆိုသည်။ ခြင်္သေ့ခံကွမ်း

ခွက်မှာ ဝင်္ကရာဇ်ပြည်၌ ဝိဇယဗာဟုမင်းလက်ထက် သုံး

သည့်အဆောင် ဆိုသည်။ နဂါးကွမ်းခွက်မှာ တကောင်း

သတိုး ၁၇ ဆက်၊ သတိုးနဂါးရမင်းလက်ထက် ဆောင်

သည့်အဆောင်ဖြစ်သည် ဆိုသည်။ လက်တင်ကြာမှာ

ယိုးဒယားမင်းတို့အဆောင်။ ကွမ်းထည့်ကွမ်းချပ်မှာ ရ

ခိုင်မင်းအဆောင်။ သလင်းမြောင်မှာ လင်းဇင်းမင်း

အဆောင်။ သစ်တိုင်မှာ ဇင်းမယ်မင်းအဆောင် ဖြစ်

သည် ဆိုသည်။ နဠသာကီဝင်မျိုး အဆက်အနွယ်ဖြစ်

သော ဝိဇယပုရမြို့တည်နန်းတည် ပင်းယတစီးရှင်လက်

ထက် ရွှေစည်းခုံဘုရားကို တည်သည့်ကာလ ဇင်းမယ်

မင်း၊ ယိုးဒယားမင်း၊ ရခိုင်မင်း၊ လင်းဇင်းမင်းတို့ စစ်

အင်္ဂါလေးပါးနှင့် ရောက်လာကြ၍ မင်းငါးပါး တွေ့ကြုံ

ကြသည်။ မင်းလေးပါးတို့သည် ဘာသာအတီးအမှုတ် ပွဲ

သဘင်ခံသည်။ နေပြည်ရှိရာအရပ်သို့ မျက်နှာပြု၍ ထောင့်

လေးထောင့်ထက် ဘုရားတဆူစီ တည်ခဲ့သည်။ ထိုဘုရား

လေးဆူကို ဂိရိလေးဆူ ခေါ်ဝေါ်ထင်ရှားသည်။ သို့ဖြစ်၍

လည်း ပညာရှိတို့ စပ်ဆိုသည်မှာ "ရှေးယွန်းမည်သည်

ဂျွမ်းပြည်ဦးကိုင် ရခိုင်လင်းဇင်း နှိပ်နွှံနင်းသား ပင်းယ