Page:ရွှေဘုံနိဒါန်း.pdf/29

This page has been proofread.

သဏ္ဌာန် ရွှေကို ကွမ်းအုပ်လုပ်၍ တည်ထားလေသည် ဆို

သည်။ ကရဝိက်ကွမ်းအုပ်ကို မင်းတို့ သုံးဆောင်ကြောင်း

ကိုလည်း ပညာရှိတို့ စပ်ဆိုသည်မှာ "လှတင့်ရောင်

ထိတ် ပြောင်ပြောင်ဘိတ်သည် ကရဝိက်ကွမ်းအုပ် စံချုပ်

မျက်ချည် ရှေ့တော်တည်၍" ဟု စပ်ဆိုလေသည်။ သည်

ကို ထောက်သဖြင့် သိရသည်။

(၁၈) ဟင်္သာရုပ် ကွမ်းအုပ်တော်မှာ မူဆိုး ညွှတ်

ဖြင့်ထောင်၍ ဟင်္သာမင်းကို ဘမ်းမိလျှင် ဗာရာဏသီမင်း

အား ဆက်သည်။ ကျော့ကွင်းဝေဒနာကြောင့် ရွှေနှင့်တူ

သော အသား၊ ပတ္တမြားနှင့်တူသော အသွေးတို့သည်

ထွက်ယိုလေသည်ကို သနားခြင်းကြောင့် ဟင်္သာမင်း

ကို သားကဲ့သို့ ပြုစုသိမ်းမွေး၍ လွှတ်လိုက်သည်။ ငှက်၏ဖြစ်

ခြင်း အရင်းနိမိတ်ကို စွဲသဖြင့် ဟင်္သာရုပ်သဏ္ဌာန် ရွှေကို

ထုလုပ်၍ ကွမ်းအုပ် တည်ထားလေသည်။ ဟင်္သာရုပ်ကွမ်း

အုပ်ကို မင်းတို့ သုံးဆောင်ကြောင်းကိုလည်း ရှေးစာ

ဟောင်းများတွင် "ဇမ္ဗူသိင်္ဂါ မျက်စီမြွာသား ဟင်္သာ

ရုပ်ကျော် ကွမ်းအုပ်တော်နှင့်" ဟူ၍ စပ်ဆိုလေသည်

ကို ထောက်သဖြင့် သိရသည်။

(၁၉) ကနကဒဏ်ထီးကို သမ္မာဒေဝနတ်သမီး

စောင့်သည်။ သမုဒ္ဒရာဇ်ထီးကို သမုဒ္ဒရာဇ်နတ်သမီး

စောင့်သည်။ သမုဒ္ဒဇာထီးကို သမုဒ္ဒဇာနတ်သမီး

စောင့်သည်။ စန္ဒထီးကို စန္ဒနတ်သမီး စောင့်သည်။

သူရိယထီးကို သူရိယနတ်သမီး စောင့်သည်။ ပဒုမ