Page:ရွှေဘုံနိဒါန်း.pdf/43

This page has been proofread.

ဣပြုသည်။ အကို အာပြုသည်။ အာကို အပြုသည်။

နိဂ္ဂဟိတ်ကို နပြုသည်။ မပြုသည်။ ဏပြု

သည်များကို ထောက်၍ ကဏ္ဏသုခဖြစ်အောင် ဇေတဝန်

ဆောင် ခေါ်ဝေါ်ခြင်း။ ဇေတဝန်သည် အောင်ခြင်းသဘော

ကို ရသည်ဖြစ်၍ ဘီလူးကိုးကျိပ်ကိုးယောက်တို့ကို စစ်

ကိုင်းအရပ်၌ ဘုရားသခင် ချွတ်တော်မူ၍ အောင်မြင်ခြင်း

ဇေတဘီလူးကို အမှူးပြုသဖြင့်၎င်း၊ ဇေတဘီလူးလည်း

ဘီလူးတို့ကို နှိပ်နင်းအောင်မြင်နိုင်သည်ဖြစ်၍ ဇေတအမည်

ကို ရခြင်းအကြောင်းတို့ကို အစွဲပြုသဖြင့် ဘီလူးကိုးကျိပ်

ကိုးယောက်သည် သောတပန်တည်၍ အောင်မြင်ခြင်း

နိမိတ်ကို ထင်ရှားစေခြင်းငှာ ထိုအရပ်ကို သောတာပန်

အရပ်ဟူ၍ သမုတ်လေသည်။ ဇေတဘီလူး အမှူးဖြစ်

သည်ကို၎င်း၊ အောင်မြင်ခြင်းကို၎င်း အကြောင်းပြု၍

ဇေတဝန်ဆိပ် ပညတ်ခေါ်ဝေါ်လေသည်။ အနာထပိဏ်

သူဌေး ဆောက်လှူသည့်ကြောင်းကျောင်းကို ဇေတဝန်ကျောင်း

တော် သမုတ်ခေါ်ဝေါ်သည်မှာ ဇေတမင်းသား ဥယျာဉ်

တောအရပ် ဖြစ်၍ ဇေတဝန ဆိုလိုသည်။ ဇေတဝန်

ကျောင်းတော်ကို အစွဲပြု၍ သုံးထပ်ဆောက်လုပ်သမျှကို

ဇေတဝန် ခေါ်ဝေါ်သမုတ်လေသည်။ နန်းတော်ဇေတဝန်

ဆောင်၊ လွှတ်တော်ဇေတဝန်ဆောင်များမှာ အ

ရှေ့ဆောင်ဦး ဖြစ်၍၎င်း၊ လွှတ်ဇေတဝန်ဆောင်မှာလည်း

ဥကင်ရာဇပလ္လင်တည်ရာ၊ ထီးဆောင်းမင်းအပေါင်းတို့

၏ ညွတ်ရာ၊ ရန်မာန်ကို အောင်မြင်ခြင်းနိမိတ်ကို ထောက်