Page:ရွှေဘုံနိဒါန်း.pdf/47

This page has been proofread.

မြေးတို့ကို ရွေးချယ်ပြီးလျှင် ထိုအဆောင်နှစ်ဆောင်မှာ

မြဲစွဲစေသည်ဖြစ်၍ ဒဝယ်ဆောင် ခေါ်ဝေါ်သည်။ နွေး

သည် ကိုလည်း ဒဝယ် ဆိုသည်။ ရေနွေးတော်ထည့်ရာ

အဆောင် ဆိုလိုသည်။ ဒဝယ်ဆောင်လည်း နှစ်ထပ်လည်

ပေါ်ပင် ဖြစ်သည်။ ဒဝယ်မြို့တွင် ဇရပ်ကျောင်းကန် ဆောံ

လုပ်သည်များသည် နှစ်ထပ်သာ အဆောက်အလုပ် များ

သည်။ နှစ်ထပ်လည်ဖေါ်၍ ဆောက်လုပ်သည်ကို ဒဝယ်

ခေါ်သည်။ ရှေးစာဟောင်းများတွင်လည်း "ဒဝယ်လည်ကို

ရပ်လျှိုကျောင်းဆင်" ဟူ၍၎င်း၊ "ဒဝယ်လည်ကို ကြည့်

လိုမငြီး ကွန်းစင်ဆီးလျက်" ဟူ၍၎င်း စပ်ဆိုလေသည်။

(၄၁) လျောင်းတော်ဦး ခေါ်ဝေါ်သည်မှာ လျောင်း

ဆိုသည်ကို ကြည့်သည်မျှော်သည် ဆိုသည်။ ကြည့်မျှော်

ရာအဆောင် ဆိုလိုသည်။ (စကားအလျဉ်းသင့်၍သာ

ဆိုသည်။ အိမ်ရှေ့တော်မှာ ဖြစ်သည်)

(၄၂) သဘင်နန်း ခေါ်ဝေါ်သည်မှာ အနောက်အ

တွင်းတော်မှာ ပွဲသဘင်ခံလျှင် သဘင်ရှုတော်မူသည်။

မြင်းခင်းကာလ ဆင်မြင်းကို သွင်း၍ ကြည့်တော်မူလေ

သည်။ စက်တိုင်စက်ရွက်ထား၍ မင်းညီမင်းသား မှူး

တော်မတ်တော်တို့ စက်ထိုးရသည်။ ရံဘန်ရံခါ ဧကရာဇ်

မင်းမြတ်ကိုယ်တော် စက်ခင်းမြင်းရေး ရွှင်တော်မူသည်။

ရှုတော်မူရာ အဆောင်ဖြစ်၍ သဘင်နန်း ခေါ်ဝေါ်သည်။

ဆင်ကြည့်နန်းလည်း ခေါ်ဝေါ်သည်။ ပညာရှိတို့ စပ်ဆို

သည်မှာလည်း "လက်မိုးခရည် မှူးမတ်လည်လျက်