Page:ရွှေဘုံနိဒါန်း.pdf/49

This page has been proofread.

သလွန်တော်တည်သည် ဟူ၍လည်း ရှိသည်။ စကားနှစ်

ချက်မှာ အစိုးရသသူ အရှင့်ရွှေနှလုံးတော် နှစ်သက်ရာ

ဥပဒေပြု၍ သုံးစွဲသည်ကိုသာ ထုံးဖြစ်စေသင့်သည်။

ဟောင်းသာဟောင်း၍ မကောင်းသည့်အရာလည်း ရှိ

သည်။ ဟောင်းလည်းဟောင်း၍ ကောင်းလည်းကောင်း

သည့်အရာလည်း ရှိသည်။ သစ်ကားသစ်၏ မဖြစ်ရသည့်

အရာလည်း ရှိသည်။ သစ်လည်းသစ်၍ ဖြစ်လည်းဖြစ်ရ

သည့်အရာလည်း ရှိသည်။ အကြောင်းလေးချက်ကို ဆင်

ခြင်ပြီးလျှင် ရှေးအစဉ်လည်း မပျောက်၍ နောက်သုံးစွဲ

သည့်အရာလည်း ကောင်းလျှင် ရွှေနန်း၏ အဘွယ်အရာ

လိမ္မာကျွမ်းသိ နားလည်သဖြင့် ဧကရာဇ်မင်းမြတ် ရွှေနှ

လုံးတော် မင်းရိပ်မင်းခြည်ကို ကြည့်ရှုတွေးတော ဆင်ခြင်

၍ စာဟောင်းစာတမ်း စွဲလမ်းလျက် အစဉ်မော်ကွန်း

ဖြစ်စိမ့်သောငှာ စီရင်ခင်း စီရင်ဘွယ်တို့ကို စီရင်နိုင်

သည်သာလျှင် အမှုကုံတွင်သည် ဆိုရန်ရှိသည်။ မင်းမပေး

သော်သာ ရာဇဝတ်လွတ်ကင်းသည်။ အရည်ရှိသည်၊ အ

ချင်းရှိသည်၊ အရင်းဖြစ်သည်၊ အမျိုးဖြစ်သည် မကိုးစား

သင့်။ ကမ်းနားသစ်ပင်ကဲ့သို့ ဖြစ်သည်။ အစိုးရသသူ

အရှင် သနားချစ်ကြည်တော်မူသော် လိုရာရွယ်တိုင်း ပြီး

စီးနိုင်သည်။ သို့ဖြစ်၍ ပညာရှိတို့ စပ်ဆိုသည်မှာ "အရည်

အချင်း အရင်းအမျိုး မကိုးသာချေ ကမ်းခြေသစ်ပင်

ရောက်သောသွင်သို့ ပုံပြင်တူငြား သနားတော်သာ

လိုရာရွယ်နိုင် အပြီးတိုင်ရှင့်" ဟူ၍ စပ်ဆိုလေသည်။ သည်