Page:ရွှေဘုံနိဒါန်း.pdf/52

This page has been proofread.

တို့ ခစားရာနေရာ ဖြစ်သောကြောင့် မောင်းမလည် ခေါ်

ဝေါ်သည်။ ရှေးစာဟောင်းများတွင်လည်း "မောင်းမ

လည်မှာ ကွယ်ရာနံပါး ပြင်ကိုထား" ဟု စပ်ဆိုလေသည်။

တနည်းလည်း "ကွန်းစင်လက်ပြင် စမြင်ပတ်လည် နေ

ရာသည်မူ အမည်မရ ရွာစားမျှသာ" ဟူ၍ စပ်ဆိုသည်

များကို ထောက်သဖြင့် ရွာစားထက် အမည်ရသသူ နေရာ

မြင့်သည်ကို သိရသည်။

(၄၈) သဉ္ဖာလီ နေရာတော်မှာ မျှို့ ဆိုသည်ကို မင်္ဂလာ

ဆိုဘိသကဲ့သို့ သေဉ် ဆိုသည်မှာ ထင်ရှားသည် ဆိုသည်။

ရှေးစကားဟောင်း ဖြစ်သည်။ ဇာလီ မှာ မာဂဓရာဇ်တိုင်း

သားတို့ စကားဖြစ်သည်။ မြန်မာပြန်လျှင် ထွန်းပသည် ဆို

သည်။ ဇာလကို ပွတ်တိုင်လည်း ဆိုသည်။ မြန်မာ ရှေးသူ

ဟောင်းတို့စကားနှင့် မာဂဓတိုင်းသားတို့စကား ဘက်

တွဲခေါ်ဝေါ်သည် ယူရန်ရှိသည်။ ထင်ရှားထွန်းပသည့်နေ

ရာ၊ ထင်ရှားသည့်ပွတ်တိုင်နေရာ ဆိုလိုသည်။ ပညာရှိတို့

စပ်ဆိုသည်မှာလည်း "ချမ်းသာဆော်စဉ် စိတ်ကိုရှဉ်ယှဉ်

မျှို့သေဉ်မည်သား" ဟူ၍ စပ်ဆိုလေသည်။ ပညာရှိတို့ ဝိဂြိုဟ်

ဝစနတ် ကြံသည်မှာ "သုဋ္ဌုံဇလတီတိ သဉ္ဇာလော။ ယံ၊

အကြင်နေရာသည်။ သုဋ္ဌုံ၊ ကောင်းစွာ။ ဇလတိ၊ ထွန်းပ

တတ်၏။ ဣတိတသ္မာ၊ ထိုသို့ ကောင်းစွာထွန်းပတတ်သော

သတ္တိကြောင့်။ တံ၊ ထိုနေရာသည်။ သဉ္ဇာလောနာမ၊ သဉ္ဇာ

လ မည်၏။ ကိတ် ဝိဂြိုလ်။ သဉ္ဇာလောယေဝ သဉ္ဇာလီ။

သဉ္ဇာလောယေဝ၊ ကောင်းစွာထွန်းပတတ်သော နေရာ