Page:ရွှေဘုံနိဒါန်း.pdf/53

This page has been proofread.

သည်ပင်လျှင်။ သဉ္ဇာလီ၊ သဉ္ဇာလီ မည်၏။ ဥပမာတဒ္ဓိတ်

ဝိဂြိုလ်။ သမ္မာဇာလော ဧတဿာတိ သဉ္ဇာလီ။ ဧတ

ဿ။ ထိုနေရာအား။ သမ္မာ၊ ကောင်းစွာ။ ဇာလော၊ ရွှေ

ကွန်ရက် စသည်ဖြင့် ရစ်လှည့်ကာရံခြင်းသည်။ အတ္ထိ၊ ရှိ၏။

ဣတိတသ္မာ၊ ထိုသို့ ကောင်းစွာ ရွှေကွန်ရက်စသည်ဖြင့် ရစ်

လှည့်ကာရံခြင်းရှိသော သတ္တိကြောင့်။ သာ၊ ထိုနေရာ

သည်။ သဉ္ဇာလီ၊ သဉ္ဇာလီ မည်၏။ သမာသိ ဝိဂြိုလ်။ ထို

သို့ ဝိဂြိုလ်ဝစနတ် ကြံသည်နှင့်အညီ သဉ္ဇာလီသည် ကောင်း

စွာထွန်းပတတ်သော နေရာ၊ ကောင်းစွာ ရွှေကွန်ရက် စ

သည်ဖြင့် ရစ်ကာရံသော နေရာ၊ ထင်ရှားထွန်းပသည့်နေရာ၊

ထင်ရှားသည့် ပွတ်တိုင်နေရာ ဆိုလိုသည်။ သဉ္ဇာလီ လက်

တင်အုံးမှီ လက်ရန်းအောက်ကိုလည်း ရွှေကွန်ရက် ထည့်

ဟန်ရှိသည်။ လုပ်ခင်းလည်း တင့်တယ်လျောံပတ် တော်

လျော်သည်ပင် ဖြစ်သည်။ ပညာရှိတို့ စပ်ဆိုသည်မှာလည်း

"စီးဆင်တော်တွင် ဆင်ယင်တန်ဆာ ထွန်းဝါပြိုးပြက်

ရွှေကြိုးခတ်၍ ကိုးမျက်ခြယ်စီ သဉ္ဇာလီဝယ်" ဟူ၍ စပ်

ဆိုလေသည်။

(၄၉) မျက်နှာကြက်ကြာယပ် သလွန်ညောင်ရွက်

၏အကြောင်းမှာ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း

မင်းပြုသောအခါ ဗြဟ္မဒတ်မင်းညီ သုဒတ္တလည်း ကော

သမ္ဗီမင်း၏သမက် ဖြစ်၏။ ဂေါတမဘုရားသခင်အလောင်း

တော်သည် မထင်မရှားသောအမျိုး၌ ဖြစ်၏။ အရောင်အ

ဆင်းနှင့်ပြည့်စုံခြင်း နှစ်လို့ဘွယ်ရှိသောကြောင့် နန္ဒကုမာရ