Page:ရွှေဘုံနိဒါန်း.pdf/59

This page has been proofread.

မင်းတို့လက်ထက် သစ်ပျဉ် ရွှေငွေ အစရှိသည်တို့ကို လုပ်

လေသည်။ မျက်နှာကြက်ကြာယပ်မှာလည်း နောံနောံ

မင်းတို့လက်ထက် ရွှေဖျင် ငွေဖျင် ပိတ်ရမထီ ခါသာ

ပင်ကလော အစရှိသည်တို့ကို ကုမုဒ္ဒရာကြာချပ် ကြာ

ယပ်သဏ္ဌာန် ထုလုပ်၍ မျက်နှာကြက်ကြာယပ် သုံးဆောင်

လေသည်။ ထိုညောင်ရွက်သဏ္ဌာန်လည်း ရွှေ အစရှိသည်

တို့ကို ညောင်ရွက်လုပ်၍ ဆွဲထားသည်။ ကြာရိုး ကြာ

ရွက် ကြာပွင့် ကြာချပ် ညောင်ရွက် ညောင်ခက် ညောင်

ညွန့် အစရှိသည်များကို သုံးဆောင်ပြုလုပ်သည်ဖြစ်၍

သလွန်ညောင်စောင်း ခေါ်ဝေါ်လေသည်။ အစဖြစ်ရင်း

ကြာညောင်ရွက်ကို အစွဲပြု၍ ရှေးစာဟောင်းများတွင်

"ဝန်းရှက်ကြာညောင် လရောင်ပြက်ကာ မွေ့ရာကြက်ရုံး

သဇင်အုံးထက်" ဟူ၍၎င်း၊ "သလွန်ကြာညောင် ခန်းသာ

ချောင်ဝယ် ကိုယ်ရောင်နှင့်သာ ဆီမီးပါဟု" ဟူ၍၎င်း

စပ်ဆိုသည်များကို ထောက်၍ သိရသည်။ သည်မှတပါး

လည်း ကြာညောင်ကို အစပ်အဟပ် အများရှိသည်။ "သူ

ကောင်းဖြစ်ရာ၊ ချက်မြှပ်ရာ၊ မိဘတို့အရပ်၊ သုံးပါးကို မမေ့

သင့် မမေ့ရာ" ဆိုခဲ့သည့်အတိုင်း ပညာရှိတို့ စပ်ဆိုသည်မှာ

"သုံးဆင့်ရပ်ရွာ မမေ့ရာဟု စဉ်လာဆိုမှု ထုံးတန္တု" ဟု

စပ်ဆိုလေသည်။ ညောင်ရွက်ကို လှဇရွဲ ခေါ်သည်မှာ

ရာမညတိုင်းသားတို့သည် အရွက်ကို လှ ခေါ်သည်။

ညောင်ကို ဇရွဲ ခေါ်သည်။ ညောင်ရွက်ပင် ဖြစ်သည်။

အကြောင်းကြောင်းအချက်ချက်ကို ထောက်သဖြင့် ယူ