Page:ရွှေဘုံနိဒါန်း.pdf/61

This page has been proofread.

ထီး သတ်ခဲ့ပြီးမှ" ဟူ၍၎င်း စပ်ဆိုလေသည်။ ခြောက်ပါး

သောရန်ကို အကုန် မဆို။ ငှက်၊ ဝက်၊ ဘီလူးကို ဆိုခြင်း

သည် အာဒိကမ္မိကနည်းဖြင့် ဆိုခြင်းဖြစ်သည်။ ယင်းသည့်

စကားကဲ့သို့လည်း စကြာဝဠာတဝန်လုံးတွင် သုံးကျွန်း

ကို မဆို။ "ဘုရားငါးမည် တည်လေရာကား ကမ္ဘာရှေ့

ကျွန်း ပေါ်လတ်ထွန်းက ကြငှန်းဖြစ်စ" ဟူ၍ ဇမ္ဗူဒီပါ

ကျွန်းကိုသာ ဆိုလေသည်။ စည်ဝန်း၊ စည်ပြော၊ နှဲ၊ ခရာ၊

သပြေသာ၊ လက်ချပ်၊ တံပိုး၊ ဒုံမင်း၊ ခရုသင်းတို့ကို မဆို။

"လွလွရောင်ဖြူ ပစ္စူမိုးကြက် နန်းရိုးဆက်၍ နန်းထွက်

နန်းဝင် သံလွင်လက်မြှောက် နန်းချင်းကောက်လျက်"

ဟူ၍ သံလွင်နှင့် လက်မြှောက်စည်ကိုသာ ဆိုလေသည်။ နန်း

အဆောင်ဆောင်ကို မဆို။ "ရာ့တစင်းကို နှိပ်နင်းပိုင်သ

နရိန္ဒလျှင် နန်းမအလယ် ဘုန်းကြွယ်နေလ နှစ်စုံပသို့"

ဟူ၍ နန်းမဆောင်ကိုသာ ဆိုလေသည်။ ယင်းသည့်စကား

များသည်လည်း အာဒိကမ္မိကနည်းပင် ဖြစ်သည်။ ယင်းသို့

အကြိမ်ကြိမ်ဆိုခြင်းစကားသည် ဝစနဝါရစကား ဖြစ်

သည်။

(၅၁) နန်းမတွင် အရှေ့ကွန်းစင်အတွင်း၌ တည်ထား

သည့် ကြေးပြာသာဒ်တော်၏ အကြောင်းမှာ နဠသာကီဝင်၊

တိဏသာကီဝင်၊ ကဋ္ဌသာကီဝင် သုံးမျိုးကွဲပြားကြသည်

နှင့် တိဏသာကီဝင်မျိုးသည် မဇ္ဈိမဒေသကထွက်၍ တ

ကောင်းတည်ဟောင်းအရပ်၌ ပြည်တည်သည်။ သတိုး

၁၇ ဆက်အတွင်း သတ္တဝါတို့ကံကြောင့် နဂါးပေါ်ရှိ