Page:ရွှေဘုံနိဒါန်း.pdf/65

This page has been proofread.

လှေတော်လေးစင်းနှင့် မင်းစီးလှေ တဆဲ့ကိုးစင်းမှစ၍

ဖေါင်စုလှေစုတို့ကို အထက်မှာမှ ဆိုမည်။)

(၅၂) ရွှေကိုထုလုပ်၍ နန်းစဉ်မင်းရုပ်တု ထားသည့်

အကြောင်းမှာ အဇာတသတ်မင်းသည် ခမည်းတော်

ဗိမ္မိသာရမင်းအား ပြစ်မှားမိသော် ပဉ္စာနန္တရိယကံ

ထိုက်လေသောကြောင့် ဘုရားသခင် အမိန့်တော်အတိုင်း

ခမည်းတော်အရုပ် ရွှေကိုထုလုပ်၍ ပူဇော်ကန်တော့ ပြုရာ

တွင်မှ ဒုဿုပိန၊ ဒုန္နိမိတ္တ၊ ဒုဿဒ္ဒတို့သည် ပျောံ၍

သုသုပိန၊ သုနိမိတ္တ၊ သုသဒ္ဒတို့ ထင်မြင်လေသည် ဆိုသည့်စကား

သည် ကျမ်းဂန်မလာမရှိ။ အစဉ်ပြောဆိုသည့် ဗဟုဿုတ

ဝစနမျှသာ ဖြစ်သည်။ "အလောင်းစည်သူမင်းသည်

သက္ကာယရာဇမာန် တက်သဖြင့် ငါ၏ ဘေးလောင်းတော်၊

ဘိုးလောင်းတော်တို့သည် ငါကဲ့သို့ ဘုန်းအာဏာမရှိဟု

ပြစ်မှားသော အတိဘာရိယကြောင့် မျက်လုံးမကြည်မ

လင် ရှိလေသည်။ ဟူးရားဖြူ ဟူးရားညိုတို့အား မေးမြန်း

လျှင် ဘေးလောင်းတော် ဘိုးလောင်းတော်တို့ကို ပြစ်မှား

မိသောကြောင့် မျက်လုံးတော် မကြည်မလင် ဖြစ်ချေသည်။

ဘေးလောင်းတော် ဘိုးလောင်းတော်တို့ အရုပ်သဏ္ဌာန် ရွှေ

ကိုထုလုပ်၍ ပူဇော်ပြုစုတော်မူလျှင် သန့်ရှင်းကြည်လင်

စွာ ရှိမည့်အကြောင်းကို လျှောံလေလျှင် ပုဂံပြည်တွင်

မင်းအဆက်ဆက်တို့ရုပ်တု ရွှေကိုလုပ်၍ ပူဇော်ကန်တော့

ရာတွင် ပြူစောထီးအရုပ်၊ နော်ရထာမင်းစောအရုပ်၊

ဘိုးတော်ကျန်စစ်သားအရုပ် သည်သုံးရုပ်သာ မလည်း