Page:ရွှေမန်းတင်မောင်.pdf/17

This page has been proofread.

ဦးထွန်းရကလည်း အသင်အပြ ကောင်းသည်။ ဘုန်းကြီး ဦးကေသရကလည်း အစီ အမံ အခန့် အခွဲနှင့် အုပ်ချုပ်မှု ကောင်းသည်။ တင်မောင်ကလည်း ဝါသနာနှင့် စရိုက် ကိုက်ညီ လိုက်ဖက်သော ပညာကို သင်ကြားရသဖြင့် အစွမ်းကုန် ကောင်းနေ၏။ တင်မောင် ပါဝင်သော ဦးကေသရ၏ စက်မြင်းယိမ်းသည် လူကုံထံရပ်ကွက်တွင် ဂယက် ထနေ၏။ အလှူတွင် ဦးကေသရ၏မြင်းယိမ်းပါဝင်မှ ဂုဏ်ရှိတော့မည်ကဲ့သို့ ဖြစ်နေ၏။ ထိုနောက် မြန်မာနိုင်ငံအရပ်ရပ်တွင် စက်မြင်းယိမ်းများ အတော်ပင် ခေတ်ထခဲ့လေသည်။ အချို့သော ဇာတ်မင်းသား တို့မှာဇာတ်စင်ပေါ်သို့ပင် တင်၍ကကြ၏။

စက်မြင်းယိမ်းကို လိုက်၍လုပ်သူ များလာသောအခါ ဦးကေသရသည် သူ၏ယိမ်းကို ပယ်ဖျက်လိုက်ပြီး တင်မောင်ကိုမူ စိန်ပါတူ၏ ဆိုင်းတွင် ဆိုင်းမင်းသားအဖြစ် ကစေခဲ့၏။ တင်မောင်ကို ဆိုင်းမင်းသား အလုပ်ခိုင်း သည်မှာ ထူးထူးဆန်းဆန်း လုပ်စေခြင်းလည်းဖြစ်သည်။ဆိုင်းပညာကို ရအောင်လည်း ဖြစ်သည်။ သဘင်ဖက်သို့လိုက်လျှင် ဆိုင်းပညာမှာ လွန်စွာ အရေးပါသော အခြေခံပညာ တရပ် ဖြစ်သည်။ ထိုပညာကို ရစေရန်အတွက် ဖြစ်သည်။

ဦးကေသရမှာ လွန်စွာ အမြော်အမြင်ကြီးသည်။မြန်မာနိုင်ငံ၏ ဆိုင်းလောကမှာ စိန်ဗေဒါသည် ဘုရားတဆူ ဂူတလုံးကဲ့သို့ ဖြစ်နေသည်။ သို့ပါလျက် တင်မောင်ကို စိန်ဗေဒါ၏ ဆိုင်းမှာမထည့်ဘဲစိန်ပါတူ၏ ဆိုင်းမှာ ထည့်ခဲ့၏။ အကြောင်းမှာ တင်မောင်လို


၁၆