Page:ရွှေမန်းတင်မောင်.pdf/32

This page has been proofread.

ရှမ်းပွဲ ပြောင်းမယ်၊ ဆောင်းတွင်း အခါတွင်၊ ပေါင်းသင်းစရာမမြင်၊ ကို ဒုသ တကိုယ်ရေ၊ အပျိုတွေကချဉ်၊ ဇာတ်ဆရာကလေး၊ ဘိနပ်စာကလေး၊ ရှင် ပြေးတော့မှာလား ဆင်ခြင်၊ တသက်ဝယ် အကုန်ချစ်ခင်၊ မက်ဖွယ် ဂုဏ်သစ်တင်၊ ရွက်ထည် ရုံကြီးပြင်၊ ရှင့်ဘို့ထွင်၊ အသင့်လိုပင်၊ ဦးခင်သက်ကြီး ပြောစကား၊ နားထောင်ပါလားရှင်၊ ကြာသမားတင်၊ နောင် လာမဲ့ အများကပင်၊ ဘုရားတကာတင်၊ရွှေမန်းမြို့က မောင်တင်၊တင်တွေ တင်တွေ ထပ်လို့မို့၊ ဇာတ်သစ်မို့ မှတ်ရစ်ဖို့ စီစဉ်၊ ရွှေနန်းတော်ရွှေတင်၊ ကျေးဇူးရှင်။

လူတကာမေး၊ ကြူနံ့သာမွှေး၊

တူမပေး ဒေါ်မြိုင်သခင်။

ရွှေမန်း တင်မောင် ဘဝကို စတင် သရုပ်ဖော်သော တူမပေး သီချင်း ဖြစ်သည်။ ဤသီချင်းတွင် တင်မောင်သည် ဒေါ်ငွေမြိုင်၏ ထံမှ သီးခြား တစင် ထောင်ခွင့် ရရှိကြောင်း တွေ့ရသည်။ ဒေါ်ငွေမြိုင်၏ သဘင် အတတ်သင် ကျောင်းတွင် ပညာသင် မင်းသားများ အတော်များများ ပေါ်ထွက်ခဲ့သည်။ ဒေါ်ငွေမြိုင် လက်ထွက်မင်းသား မှန်သမျှ “ရွှေမန်း”ဆိုသောဘွဲ့ကို ရကြသည်။ ဒေါ်ငွေမြိုင်၏ စင်ပေါ် တွင် ကနေစဉ်ကပင် နာမည် ရှေ့က “ရွှေမန်း” ဟူသော ဂုဏ်အင်ကို ပန်ဆင်ကြရသည်။ နှစ်စေ့၍ ထွက်သွားကလည်း ရက်ရောစွာ ပေးလိုက်သည်။ သို့ရာတွင် “ရွှေပန်း”သည် တင်မောင်၏ ကိုယ်ပိုင် အမှတ်တံဆိပ်ကဲ့သို့ပင် ဖြစ်နေသည်။ တစုံတယောက်သည် “ရွှေမန်း” ဟူ၍ သာမန် အဖျား


၃၁