Page:ရွှေမန်းတင်မောင်.pdf/44

This page has been proofread.

သည်။တင်မောင်မှာ ဝါသနာတခု ရှိသည်။သူသည် ပစ္စည်းတခုကို လိုချင်လျှင် မရ ရအောင် အရ ယူသည်။ အကောင်း ဆုံးကိုမှ ရွေးချယ်ယူသည်။ ထို့နောင် သူသည်ထိုပစ္စည်းကို ငြီးငွေ့အောင် မသုံးစွဲချေ။ ထိုထက် ကောင်းမွန် လတ်ဆပ်သော ပစ္စည်းတမယ် ကို ရှာဖွေပြန်သည်။

တို့အတူပင် သူသည် ပွဲကြည့် ပရိသတ်၏ အာရုံကိုလည်း ငြီးငွေ့အောင်မလုပ်ချေ။ အာရုံ အသစ်အသစ်ဖြင့် ထွေးရစ်စေသည်။ သူသည် ဇာတ်ခုံပေါ်မှ အလွန်ခေတ်စား လူကြိုက်များနေသော ယိမ်းကို လူတွေ မငြီးငွေ့မီ အတွင်းမှာပင် ဖယ်လိုက်ပြီး၊ ထိုနေရာတွင် “အော်ပရာ”ကို အစားထိုးလိုက်လေသည်။ အော်ပရာသည် တင်မောင်၏ စကား မဟုတ်ပါ။ နိုင်ငံခြား စကား ဖြစ်ပါသည်။ နိုင်ငံခြားတွင် ခေတ်စားနေသော အကတမျိုး ဖြစ်သည်။ သူသည် ထိုအကကို မြန်မာပြန်ပြီး မြန်မာဟန် သွင်းလိုက်ခြင်း ဖြစ်သည်။

“ကောင်းတော့ ကောင်းပါရဲ့၊ ဗမာအကမှ မဟုတ်ဘဲ၊ နာမယ်ကိုက အော်ပရာတဲ့ကွာ…”

“ဟုတ်ကဲ့ ဗမာအကတော့ မဟုတ်ပါဘူး။ဆီလျော်အောင် မြန်မာ ပြန်လိုက်ပါတယ်။ ယိုးဒယားကကော ဘာအကပါလဲခင် ဗျာ…”

“ယိုးဒယားလို့ ဆိုနေမင့်ဘဲ ယိုးဒယားက လာတဲ့ အကပေါ့”

“ရှေးက ပညာရှင်ကြီးတွေ ယိုးဒယားမှ မြန်မာပြန်ခြင်းကို ဝိုင်းအုံအားပေးခြီးကျူးကြပါယင် ကျွန်တော်တို့ကိုလဲ ဘာသာပြန်


၄၃