Page:ရွှေမန်းတင်မောင်.pdf/46

This page has been proofread.

ကြမယ် မထင်ပါဘူး။ နောက်တခုကလဲ သည်နာမယ်ဟာ ဇာတ်သဘင်၏ ခေတ်သမိုင်းကို နောက်နှောင်းလူများ လေ့လာတဲ့အခါမှာ သည်နာမယ်ဟာ သူတို့ကို သဲလွန်စပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

သို့ဖြင့် တင်မောင်၏ အော်ပရာသည် ဇာတ်သဘင်တွင် မပါမဖြစ်သော ကဏ္ဍတခု အဖြစ်နှင့် ခေတ်စားခဲ့လေသည်။ ဇာတ်ပွဲတို့တွင် ယိမ်းများသည် တဖြုတ်ဖြုတ် ပြုတ်ကုန်ကြပြီး အော်ပရာများ ရောက်လာကြသည်။ “သည်ည၊ သည်နောက် ဘာအော်ပရာ ပြမှာလဲ”ဟု အမေးခံရသည့် အခြေသို့ပင် ရောက်ခဲ့လေပြီ။ ယင်းခေတ်ကို အော်ပရာခေတ်ဟု သဘင်ပညာကို စိတ်ဝင်စားသူများက အမည်ပေးကြသည်။ အော်ပရာခေတ် လွန်စွာ တက်နေသည်ကို တင်မောင်က ဆင်ခြင်သည်။ တက်ခြင်းသည် ကျဘို့ ဖြစ်သည်ဟု တွက်သည်။

သုခဿ အန္တံ ဒုက္ခံ၊

ဒုက္ခဿ အန္တံ သုခံ၊

ချမ်းသာ၏ အဆုံးသည် ဆင်းရဲ။

ဆင်းရဲ၏ အဆုံးသည် ချမ်းသာ။

ဘုန်းကြီးကျောင်းမှာ သင်ကြားခဲ့ရသော သဘောတရားကလေး တခုပင် ဖြစ်သည်။ ဤသဘောကို သူက ဋီကာချဲ့ပြီး အသုံးပြုသည်။ “တက်ခြင်း၏ အဆုံးသည် ကျခြင်း။ ကျခြင်း၏ အဆုံးသည် တက်ခြင်း...”ဟု ဆောင်ပုဒ်လုပ်သည်။ ထိုမျှတက်နေသော အော်ပရာသည် တနေ့ ပြန်ကျရမည်ဟု မှိုင်းဝ၍ အစွမ်းကုန် တက်


၄၅