Page:ရွှေမန်းတင်မောင်.pdf/47

This page has been proofread.

ရွှေမန်း၏ နှစ်ပါးသွား


နေသော မီးအိမ်ပျံကဲ့သို့သော သူ၏ အော်ပရာကိုကြည့်ကာ ဆင်ခြင်သည်။ သူကား ဘယ်သောအခါမျှ အကျထိအောင် စောင့်ဆိုင်းနေသူ မဟုတ်ချေ။ သူ၏ ဇာတ်ခုံပေါ်တွင် အရောင် တဝင်းဝင်းနှင့် ထွန်းလင်း တောက်ပနေသော အော်ပရာကို ရုပ်သိမ်းလိုက်ပြီး ထိုနေရာတွင် ပြဇာတ်ကို အစားထိုးလိုက်သည်။ “ဂီတရူး၊ သဘင်ရူး၊ ချစ်ပြည်ထောင်စု၊ ချစ်မိစ္ဆာ၊ အောင်ဘာလေ၊ ရွှေကြေးစည်” တို့သည် သူ၏ လူကြိုက်များသော ပြဇာတ်များပင် ဖြစ်ကြသည်။


၄၆