Page:ရွှေမန်းတင်မောင်.pdf/57

This page has been proofread.

တင်မောင်သည် တညလုံးပြနေရာမှ ညဝက်ကို ပြုပြင် ပြောင်းလဲသည်သာ မဟုတ်သေး။ အဆို၊ အက၊ အတီး တို့ကိုလည်းပြုပြင်ပြောင်းလဲ၍ ထားလေသည်။ ဇာတ်၏ အခမ်းအနား အဆောင်အယောင်တို့မှာ ငွေရှိလျှင် ဖြစ်နိုင်သည်။ သူ့ထက် ပို၍ သုံးလျှင် သူ့ထက်ပင် ပို၍ တောက်ပြောင်ပေလိမ့်မည်။ သို့ရာတွင် စည်းစံနစ်မရှိ၍ ရှင်ဘုရင်က အပေါက်ကျွံကျ နေပါသော်ပြောင်လက်သလောက် အရောင်မထွက်ဘဲ ရှိတတ်လေသည်။ စည်းစံနစ်သည် တင်မောင်၏ အသက် ဖြစ်သည်။ စံနစ်ဖြင့် သူ၏ အရှိန် တက်နေသည်။

တင်မောင် ညဝက်သဘင်သစ်ကို ဇာတ်လမ်းဇာတ်ကွက်ကစပြီး ဆန်းသစ်ထားသည်ကို တွေ့ရသည်။ ဗုဒ္ဓဝင်ကို ယခုအခါဘယ်သူမျှ လူစွမ်းကောင်းလုပ်ပြီး မပြကြတော့ချေ။ အကြောင်းမူ လောကသားတို့တွင် လောကအကြောင်းကိုပို၍ စိတ်ဝင်စားကြခြင်းကြောင့်ဖြစ်သည်။ ဗုဒ္ဓဝင် ပြနိုင်သောသူမှာ လွန်စွာတော်မှ ဖြစ်သည်။ ဘယ်သူမှ မှတ်ပုံတင်ထားသည် မဟုတ်၍ ပြလိုကဘယ်သူမဆို ပြနိုင်ပါသည်။ သို့ရာတွင် ပရိသတ် လက်ခံနိုင်လောက်အောင် ပြနိုင်မှဖြစ်မည်။ လက်မခံ၍ တချည် နှစ်ချည်ဖြင့် လှန်လိုက်ရမူ အကျိုးမနပ်ဘဲ ဖြစ်မည်သာတည်း။

တင်မောင်သည် ဗုဒ္ဓဝင်ကို ရှေးစကားလုံး အသုံးအနှုန်းတို့ဖြင့် တင်ပြနိုင်ခဲ့သည်။ စာတိုက်ထဲတွင် ပင့်ကူအိမ် ဖွဲ့နေသော ပေစာများကို ရွှေကလပ်ပေါ် တင်ပြဘိသကဲ့သို့ စာဟောင်း ဟောင်းတို့ကို ထုတ်ဖော်ပေးခဲ့သည်။ လကမ္ဘာသို့ ချီတက်နေသော တိုး


၅၆