Page:UN Charter (Burmese translation).djvu/13

This page has not been proofread.

အခန်း(၅) -
လုံခြုံရေးကောင်စီ


ဖွဲ့စည်းပုံ
အပိုဒ် ၂၃။

၁။ လုံခြုံရေးကောင်စီတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်ဆယ်ငါးနိုင်ငံပါဝင်ရမည်။ တရုတ်သမ္မတနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ၊ ဗြိတိန်နှင့် အိုင်ယာလန် မြောက်ပိုင်း ပြည်ထောင်စု ဗြိတိသျှနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံတို့သည် လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ ဝင်နိုင်ငံများ ဖြစ်ရမည်။ အထွေထွေညီလာခံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အခြားဆယ်နိုင်ငံကို လုံခြုံရေး ကောင်စီတွင် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံများအဖြစ်ဖြင့် ရွေးကောက်တင်မြှောက်မည်။ ဤသို့ ရွေးကောက်တင်မြှောက်ရာတွင် ကမ္ဘာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုမှစ၍ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၏ အခြားရည်ရွယ်ချက်များအတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မည်မျှကူညီဆောင်ရွက်ခဲ့သည်ကို လည်းကောင်း၊ ပထဝီဒေသအလိုက်လည်း မျှတစွာ ရွေးကောက်တင်မြှောက်ခြင်းဖြစ်စေရန်လည်းကောင်း ရှေးဦးစွာ အထူးအထောက်အထားပြု၍ ရွေးကောက် တင်မြှောက် ရမည်။

၂။ လုံခြုံရေးကောင်စီ၏ အမြဲတန်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံများကို နှစ် - နှစ်ကာလအတွက် ရွေးကောက် တင်မြှောက်ရမည်။ လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံ ဦးရေကိုတဆယ့်တစ်ဦးမှ တဆယ့်ငါးဦးသို့ တိုးမြှင့်ပြီးသည့်နောက် အမြဲတန်းမဟုတ်သော အဖွဲ့ဝင်များကို ပထမအကြိမ် ရွေးကောက်ရာတွင် နောက်တိုးအဖွဲ့ဝင်နိုင်ငံ လေးနိုင်ငံအနက်မှ နှစ်နိုင်ငံကို တစ်နှစ်တာကာလ အတွက် ရွေးချယ်ရမည်။ သက်တမ်းကုန်ဆုံး၍ ထွက်ရသောအဖွဲ့ဝင်နိုင်ငံမှာ ချက်ခြင်း ပြန်လည်၍ အရွေးခံနိုင်ခွင့် မရှိစေရ။


လုပ်ငန်းများနှင့် အာဏာများ
အပိုဒ် ၂၄။

၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ၏ အရေးယူဆောင်ရွက်ချက်များ အဆောတလျှင် ခရီးရောက်စေရန်အလို့ငှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် လုံခြုံရေး ထိန်းသိမ်းမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန် အဓိက တာဝန်ကို လုံခြုံရေးတပ်စီအား အပ်နှင်းသည့်ပြင် ထိုတာဝန်အရ လုံခြုံရေးကောင်စီက ၎င်း၏ ဝတ္တရားများကို ဆောင်ရွက်ရာတွင် မိမိကို ကိုယ်စား ဆောင်ရွက်ရသည် ဟူ၍လည်း သဘောတူကြသည်။