Page:UN Charter (Burmese translation).djvu/51

This page has been proofread.

တစ်ဦးကိုဖြစ်စေ၊ လိုအပ်လျှင် နှစ်ဦးကို ဖြစ်စေ၊ သက်ဆိုင်ရာအမှုသည် နိုင်ငံ၏ နိုင်ငံသားဖြစ်သော တရားရုံး၏အဖွဲ့ဝင် တရားသူကြီးများအတွက် သော်လည်းကောင်း၊ ထိုတရားသူကြီးများမရှိလျှင် သို့မဟုတ် ထိုတရားသူကြီးများ တရားခွင်သို့ မတက်ရောက်နိုင်လျှင် အမူသည် နိုင်ငံများက အထူးရွေးချယ်ထားသည့် တရားသူကြီးများအတွက်သော် လည်းကောင်း နေရာဖယ်ပေးရန် မေတ္တာရပ်ခံရမည်။

၅။ အကျိုးတူသက်ဆိုင်သော အမူသည်နိုင်ငံများရှိလျှင် ထိုနိုင်ငံများကို အထက်ပြဋ္ဌာန်းချက်များပါကိစ္စအလို့ငှာ အမှုသည်တစ်ဦးတည်းအဖြစ် မှတ်ယူရမည်။ ဤအချက်နှင့် စပ်လျဉ်း၍ ယုံမှားသံသယရှိလျှင် တရားရုံးက ဆုံးဖြတ်ဖြေရှင်းရမည်။

၆။ ဤအပိုဒ်၏ စာပိုဒ် - ၂၊ ၃ နှင့် ၄ တို့တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ရွေးချယ်ထားသော တရားသူကြီးများသည် ယခုလက်ရှိ ဥပဒေ အပိုဒ် - ၂၊ ၁၇ (စာပိုဒ် (၂)၊ ၂၁ နှင့် ၂၄ အရ လိုအပ်သော စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ရမည်။ ထိုတရားသူကြီးများသည် အမှုစီရင်ဆုံးဖြတ်ရာတွင် မိမိတို့နှင့်အတူတွဲဖက်၍ ရုံးထိုင်ရသော တရားသူကြီးများနှင့် တန်းတူအဖြစ်ဖြင့် ပါဝင်ဆောင်ရွက်ရမည်။

အပိုဒ် - ၃၂ ။

၁။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးတိုင်း နှစ်စဉ်ကြေးငွေကို ရရှိရမည်။

၂။ ဥက္ကဋ္ဌသည် နှစ်စဉ် အထူးထောက်ပံ့ကြေးကို ရရှိရမည်။

၃။ ဒုတိယ ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌအဖြစ် မိမိဆောင်ရွက်ရသော နေ့အသီးသီးအတွက် အထူး ထောက်ပံ့ကြေးကို ရရှိရမည်။

၄။ တရားရုံး၏အဖွဲ့ဝင် တရားသူကြီးများမှအပ အပိုဒ် - ၃၁ အရ ရွေးချယ်ထားသော တရားသူကြီးများသည် မိမိတို့၏ အလုပ်ဝတ္တရားများကို ဆောင်ရွက်သည်နေ့ အသီးသီးအတွက် အခကြေးငွေ ရရှိကြရမည်။

၅။ ထို နှစ်စဉ်ကြေးငွေ၊ ထောက်ပံ့ကြေးငွေနှင့် အခကြေးငွေများကို အထွေထွေ ညီလာခံက သတ်မှတ်ရမည်။ ၎င်းငွေများကို ရာထူးသက်တမ်းအတွင်း လျှော့ပေါ့ခြင်းမပြုရ။

၆။ မော်ကွန်းထိန်းအရာရှိ၏ လစာကို တရားရုံး၏ အဆိုပြုချက်အရ အထွေထွေ ညီလာခံက သတ်မှတ်ရမည်။

၇။ အထွေထွေညီလာခံက ပြဋ္ဌာန်းသည့် စည်းမျဉ်း ဥပဒေများတွင် တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများနှင့် မော်ကွန်းထိန်းအရာရှိအား အငြိမ်းစားပင်စင်ပေးနိုင်သည့် စည်းကမ်းချက်များကိုလည်းကောင်း၊ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများနှင့် မော်ကွန်းထိန်း အရာရှိအား ၎င်းတို့ ကုန်ကျပြီး ခရီးစရိတ်များကို ပြန်ပေးရမည့် စည်းကမ်းချက်များကို လည်းကောင်း၊သတ်မှတ်ရမည်။

၈။ အထက်ပါ နှစ်စဉ်ကြေးငွေ၊ ထောက်ပံ့ကြေးများနှင့် အခကြေးငွေများမှာ အရပ်ရပ် အခွန်အကောက် စည်းကြပ်ခြင်းမှ လွတ်ငြိမ်းစေရမည်။