Page:UN Charter (Burmese translation).djvu/7

This page has been proofread.

ဝတ္တရားများကို ထမ်းဆောင်နိုင်စွမ်းလည်းရှိပြီး ထမ်းဆောင်လိုသော ဆန္ဒလည်းရှိလျှင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်သည်။

၂။ အဆိုပါနိုင်ငံတစ်ခုခုအား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အထွေထွေညီလာခံက လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ ဆုံးဖြတ်ရမည်။

အပိုဒ် ၅။

လုံခြုံရေးကောင်စီက တားမြစ်သည်သဘောဖြင့် ဖြစ်စေ၊ အတင်းအကြပ် လိုက်နာစေသည့်သဘောဖြင့်ဖြစ်စေ၊ အရေးယူထားသော ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၀င်နိုင်ငံ တစ်နိုင်ငံအား လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ အထွေထွေ ညီလာခံကအဖွဲဝင်နိုင်ငံအဖြစ်ဖြင့် ခံစားသင့် ခံစားထိုက်သော အခွင့်အရေးများ ခံစားခွင့်ကို လုံခြုံရေးကောင်စီက ပြန်လည် ပေးအပ်နိုင်သည်။

အပိုဒ် ၆။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံသည် ယခုလက်ရှိ ပဋိညာဉ် စာချုပ်တွင်ပါရှိသောမူများကို ထပ်တလဲလဲ ဖောက်ဖျက်ကျူးလွန်လျှင် ထိုနိုင်ငံကို အထွေထွေညီလာခံက လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့မှ ထုတ်ပယ်နိုင်သည်။


အခန်း (၃) -
လုပ်ငန်းအဖွဲ့များ

အပိုဒ် ၇။

၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အဓိက လုပ်ငန်းအဖွဲ့များအဖြစ်ဖြင့် အထွေထွေ ညီလာခံကိုလည်းကောင်း၊ လုံခြုံရေးကောင်စီကိုလည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေးကောင်စီကိုလည်းကောင်း၊ နိုင်ငံငယ်များထိန်းသိမ်းရေး ကောင်စီကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံးကိုလည်းကောင်း၊ အတွင်းရေးမှူးချုပ်ရုံးကိုလည်းကောင်း ဖွဲ့စည်း တည်ထောင်ထားသည်။

၂။ ထပ်ဖြည့် တည်ထောင်ဖွဲ့ စည်းရန် လိုအပ်ကြောင်း တွေ့ရှိရသော လက်အောက်ခံလုပ်ငန်းအဖွဲ့များကို ယခုလက်ရှိ ပဋိညာဉ်စာချုပ်နှင့်အညီ ဖွဲ့စည်းတည်ထောင်နိုင်သည်။