ရန္တပိုစာချုပ်

ရန္တပိုစာချုပ်  (1826) 
[ 1 ]

ရန္တပိုစာချုပ်ကြီး၁၁ခန်း

ဣန္ဒယတိုင်းကိုအစိုးရသော။အင်္ဂလိပ်ကုမ္ပဏီရှင်ဘုရင်က။ခန့်ထားသောအရေးပိုင်ဗိုလ်ချုပ်မင်းကြီး။မှူးမတ်ကြီးအာဇီဘောကံဘက်။အရေးပိုင်ရောဘစ်စံ။ဧရာဝတီမြစ်တွင်ရှိသော။အင်္ဂလိပ်တို့က။သမ္ဘာန်များကိုအုပ်စိုးသော။မင်းစပ်တို့နှင့်။မြန်မာရှင်ဘုရင်ကခန့်ထားသော။လယ်ကိုင်းမြို့စားဝန်ကြီး။မဟာမင်းလှကျော်ထင်။ငွေခွန်ဝန်အတွင်းဝန်။မင်းကြီးမဟာမင်းလှသီဟသူတို့က။သက္ကရာဇ်၁၁၈၇ခု။တပေါင်းလပြည့်ကျော်၄ရက်နေ့။ရန္တပိုရွာမှါတွေ့၍။ကုမ္ပဏီမင်း။မြန်မာရှင်ဘုရင်။အချင်းချင်းစစ်ငြိမ်း၍။မိတ်ဿဟာယဘွဲ့သောစာချုပ်ကား။


ပဌမ ၁ မှါအင်္ဂလိပ်မင်းနှင့်။မြန်မာရှင်ဘုရင်တို့သည်။စစ်ငြိမ်း၍။မိတ်ဿဟာယ။အစည်အဆက်ဖြစ်စေ။


ဒုတိယ ၁ မှါမြန်မာရှင်ဘုရင်ကအာသံပြည်။အက္ကပတ်ပြည်။ဝေသာလီပြည်တို့ကိုအစိုးမပိုင်။နောံတစ်ဘန်မစီရင်ရ။

မဏိပူရမြို့မှါလည်း။ဂမ္ဘီရရှိန်တို့သည်။မိမိပြည်သို့ပြန်၍။မင်းပြုလုပ်နေလိုလျှင်။မြန်မာရှင်ဘုရင်က။အဆီးအတားအနှောင့်အရှက်မပြုရ။နေစေရမည်


တတိယ ၁ မှါနောံတဘန်ပြည်ကြီး၂ပြည်။အပိုင်းအခြားကို။ငြင်းခုံရန်အကြောင်းမရှိရအောင်။အင်္ဂလိပ်မင်းသည်။တိုက်၍အောင်ခဲ့ပြီးသော။ရခိုင်။ရမ်းပြဲ။မာန်အောင်။သံတွဲတည်းဟူသော။ရခိုင်ပြည်ကြီးကိုယူ၍။မြန်မာရှင်ဘုရင်သည်အစိုးမပိုင်ရ။ယိုးမဖိုးခေါင်တောင်တမ်း။မော်တင်စွန်း။စေတီကြီးထိ။စပ်ကြားအပိုင်းအခြားဖြစ်စေ။နောံမှအပိုင်းအခြားကိုငြင်းခုံရန်ရှိလျှင်။အင်္ဂလိပ်မင်း မြန်မာမင်း။ခန့်ထားသောသူတို့သည်။အထက်နယ်နိမိတ်အတိုင်း။မှန်ကန်စွာစီရင်စေ။ခန့်ထားသောသူတို့လည်း။အရာရှိမှူးမတ်လူကောင်းဖြစ်စေရမည်


စတုတ္ထ ၁ မှါမြန်မာရှင်ဘုရင်သည်။အင်္ဂလိပ်ကို။ယေး။ဓားဝယ်။မြိတ်။တနင်္သာရီမြို့ရွာ။နယ်နိမိတ်တောင်ကမ်းကျွန်းများနှင့်တကွ အပိုင်ပေးသည်။သံလွင်မြစ်သည်အပိုင်းအခြားဖြစ်ရမည်။နောံမှအပိုင်းအခြားကိုငြမ်းခုံရန်ရှိလျှင်။အထက်ဆိုခဲ့ပြီးသည့်အတိုင်းစီရင်စေ


ပဉ္စမ ၁ မှါမြန်မာရှင်ဘုရင်သည်။ပြည်ကြီး၂ပြည်။အစည်မိတ်သဟာရဘွဲ့စေခြင်သော။စေတနာအလိုထင်ရှားစေခြင်းငှါ။အင်္ဂလိပ်မင်းစစ်တိုက်၍။ကုန်ခဲ့ပြီးသောစရိတ်အ္နက်။အနည်းငယ်ပြေရအောင်။၁ိသုံးဒင်္ဂါးရူပီပျားရေ။တကုဋေကိုပေးရမည်


ဆဋ္ဌ ၁ ယခုစစ်ဖြစ်ကြသည်အတွင်း။ကုလါးဘက်သို့ဝင်စားသည်မြန်မာ။မြန်မာဘက်သို့ဝင်စားသည်ကုလါး။တို့မှာအလိုလိုဝင်စားစေ။အဘယ်သူမျှတဘက်က။တဘက်သို့ဝင်စားသည်အတွက်။ရာဇဝတ်မခံအနောင့်အရှက်မရှိစေရ


သတ္တမ ၁ မှါ။ပြည်ကြီး၂ပါး။ယခုဘွဲ့သောမိတ်သဟာရမြဲစေခြင်းငှာ။အင်္ဂလိပ်မင်းခန့်ထားသော။အရေးပိုင်တယောံအခြွေအရံလူ၅၀။လ္နက်ကိရိယာအစုံနှင့်။မြန်မာဘုရင်မြို့တော်မှါနေစေ။၎င်နည်းမြန်မာမင်းကခန့်ထားသောအရေးပိုင်တယောံ။အခြွေအရံလူ၅၀။လ္နက်ကိရိယာအစုံနှင့်။ကုမ္ပဏီမြို့တော်မှါနေစေ။ကုလါးပြည် [ 2 ]မှါနေသောမြန်မာ။မြန်မာပြည်မှါနေသောကုလါးတို့သည်။မိမိတို့နေရာဘို့။အတော်အသင့်တိုက်အိမ်ကိုဝယ်လိုလျှင်ဝယ်နေစေ။အသင့်တည်လုပ်လိုလျှင်လည်းလုပ်စေ။၎င်နိုင်ငံမှါ။အကျိုးစီးပွါးဖြစ်ထွန်းစေခြင်းငှါ။ရွှေလမ်းငွေလမ်းဘွင့်၍။အချင်းချင်းဘောံကားရောင်းဝယ်ခြင်း။အမှုအရေးများနှင့်ဆိုင်သောစာချုပ်ကို။ထပ်၍လုပ်စေရမည်


အဋ္ဌမ ၁ မှါ။စစ်မပေါ်မတိုက်မှီ။ကြွေးဟောင်းမြီဟောင်းရှိသမျှ။မင်းအရာရှိဆိုင်သည်ဖြစ်စေ။ဆင်းရဲးသားဆိုင်သည်ဖြစ်စေ။သစ္စာရှိသည်အတိုင်း။ကုန်စင်အောင်ဆပ်ပေးစေရမည်။ကြွေးတင်သည်နောံ။စစ်ဖြစ်သည်ဆို၍။မကပ်မစိုစေရ။စစ်တိုက်သောအမှုကြောင့်။အဘယ်သူမျှ။ကုလါးဖြစ်စေ။မြန်မာဖြစ်စေ။သုဥစ္စာကိုအသိန်းအယူမရှိစေ။အင်္ဂလိပ်ရှင်ဘုရင်ကျွန်ဖြစ်သူတို့သည်။မြန်မာနိုင်ငံတွင်သေ၍။အမွေခံမရှိလျှင်။ကျန်ရစ်သမျှဥစ္စာပစ္စည်းကို။မြန်မာနိုင်ငံတွင်နေသော။အင်္ဂလိပ်မင်းအရေးပိုင်လက်သို့။ကုလါးဖြူထုံးစံအတိုင်းအပ်ရမည်။ထိုနည်းတူ။မြန်မာရှင်ဘုရင်ကျွန်ဖြစ်သူတို့သည်။အင်္ဂလိပ်နိုင်ငံတွင်သေ၍။အမွေခံမရှိလျှင်။ကျန်ရစ်သမျှဥစ္စာပစ္စည်းကို။အင်္ဂလိပ်နိုင်ငံတွင်နေသော။မြန်မင်းအရေးပိုင်လက်သို့အပ်ရမည်


နဝမ ၁ မှါ။အင်္ဂလိပ်သင်္ဘောများ။မြန်မင်းဆိပ်သို့ဝင်ရောံလျှင်။တက်မမချွတ်။အမြောံမချဘဲ။နေသကဲ့သို့အင်္ဂလိပ်မြို့ဆိပ်သို့ဝင်ရောံသော။မြန်မာသင်္ဘောသည်လည်း။အနှောင့်အရှက်မရှိဘဲ။နေစေရမည်


ဒသမ ၁ မှါအင်္ဂလိပ်မင်းနှင့်။မိတ်သဟာရဘွဲ့သော။ယိုးဒယားရှင်ဘုရင်သည်။အင်္ဂလိပ်ဘက်သို့စစ်ကူ၍။ဝင်စားသည်မှာ။ယခုလုပ်ကြသောမိတ်သဟာရ။စာချုပ်အဝင်ဖြစ်သည်ကိုမှတ်ရမည်


ဧကာဒသမ ၁ မှါ။ယခုလုပ်သောမိတ်သဟာရစာချုပ်ကို။မြန်မာခန့်ထားသော။အရေးပိုင်သံတမန်တို့သည်။လက်မှတ်တံဆိပ်ခပ်ရမည်။အချုပ်ခံရသောအင်္ဂလိပ်။အမေရိကံအစရှိသောကုလါးဖြူ။ကုလါးနက်ရှိသမျှတို့ကိုအင်္ဂလိပ်အရေးပိုင်သံတမန်တို့လက်သို့အပ်ရမည်။၎င်ဣန္ဒြိယတိုင်းကိုအစိုးရသောကုမ္ပဏီဘုရင်သည်။ဝန်ခံ၍။လက်မှတ်တံဆိပ်ခပ်သောစာချုပ်၍။၄လအတွင်း။မြန်မာရှင်ဘုရင်လက်တော်သို့ပြန်၍ပေးလိုက်ရမည်။အင်္ဂလိပ်မင်းချုပ်ထားသော။မြန်မာလူရှိသမျှတို့ကို။အင်္ဂလိပ်ပြည်မှအလျှင်အမြန်ခေါ်ခဲ့၍။မြန်မာမင်းလက်သို့အပ်ရမည်။ [ 3 ]

နောံထပ်စာချုပ်
နောံထပ်ချုပ်သောစာချုပ်အချက်ကား

အင်္ဂလိပ်အရေးပိုင်။သံတမန်တို့သည်။စစ်ပြေငြိမ်းစေခြင်သော။စေတနာအလိုထင်ရှားစေချင်းငှါ။၎င်းအထက်ပဉ္စမအချက်လါသည်အတိုင်း။မြန်မာရှင်ဘုရင်သည်။ယူပီးပျားရေးတကုဋေကိုပေးရမည်ဆိုသော်။အလွယ်တကူပေးအောင်။ရူပီပျားရေ။တကုဋေတည်းဟူသော။မြန်မာအချိန်ငွေကောင်း၇၅ဝဝဝအ္နက်တွင်။၄ပုံ၁ပုံတည်းဟူသောငွေချိန်၁၈၇၅ဝိကိုပေးပြီးမှ။အင်္ဂလိပ်တပ်သည်။ရန်ကုန်မြို့တိုင်အောင်။ဆုတ်သွားလိမ့်မည်။ကျန်ငွေ၃ပုံတွင်။တပုံကိုယနေ့မှစ၍။အရက်၁ဝဝအတွင်း။ပေးလျှင်။အင်္ဂလိပ်တပ်သည်။မြန်မာနိုင်ငံထဲက။အလျှင်အမြန်ထွက်သွားလိမ့်မည်။ကျန်ငွေ၂ပုံတွင်။တပုံမှါယခုနေ့မှစ၍တနှစ်အတွင်း၎င်းကျန်တပုံကို၂နှစ်အတွင်း။မြန်မာနိုင်ငံတွင်နေသော။အင်္ဂလိပ်အရေးပိုင်ထံပေးရမည်



Myanmar Public domain
ဤပုံ သို့မဟုတ် မီဒီယာသည် ယခုအခါ မြန်မာနိုင်ငံတွင် ယင်း၏ မူပိုင်ခွင့်သက်တမ်းကုန်လွန်ခဲ့ပြီး ဖြစ်သောကြောင့် အများပြည်သူပိုင် (public domain) အဖြစ် သတ်မှတ်နိုင်သည်။ မြန်မာနိုင်ငံ၏ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ ၂၀၁၉ အရ အောက်ပါတို့အနက် တစ်ခုခုနှင့် ကိုက်ညီနေပါက အများပြည်သူပိုင်ဟု သတ်မှတ်နိုင်သည် -
  1. ဤသည်မှာ အရုပ်အသံလက်ရာ သို့မဟုတ် ရုပ်ရှင်ဖန်တီးမှုလက်ရာဖြစ်ပြီး မူလလက်ရာရှင်၏ ခွင့်ပြုချက်ဖြင့် အများပြည်သူရရှိခံစားနိုင်စေရန် ဆောင်ရွက်ပြီးသည့်နှစ်မှ နှစ် ၅၀ သို့မဟုတ် ထိုသို့ဆောင်ရွက်ခဲ့ခြင်းမရှိပါက လက်ရာကိုပြုလုပ်ပြီးသည့်နှစ်မှ နှစ် ၅၀ ကျော်လွန်ပြီးဖြစ်ခြင်း။ (ဆိုလိုသည်မှာ ယင်းကို ဧပြီ ၁၁, ၁၉၇၄ မတိုင်မီ သို့မဟုတ် ထိုနေ့တွင်ဖြန့်ချိခဲ့ခြင်း)
  2. ဤသည်မှာ စာပေ သို့မဟုတ် အနုပညာလက်ရာတစ်ခုဖြစ်ပြီး မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ကွယ်လွန်ပြီးသည့်နှစ်မှ နှစ် ၅၀ ကျော်လွန်ခဲ့ပြီးဖြစ်ခြင်း။ (ဆိုလိုသည်မှာ မူလလက်ရာရှင်သည် ဧပြီ ၁၁, ၁၉၇၄ မတိုင်မီ သို့မဟုတ် ထိုနေ့တွင်ကွယ်လွန်ခဲ့ခြင်း)
  3. ဤသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ စာပေ သို့မဟုတ် အနုပညာလက်ရာဖြစ်ပြီး ယင်းအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ပထမမူပိုင်ခွင့် ပိုင်ရှင်အဖြစ် စာပေ သို့မဟုတ် အနုပညာလက်ရာကို ဖန်တီးပြုလုပ်ထားခြင်း၊ အများပြည်သူရရှိခံစားနိုင်ရန် တရားဝင် စတင်ဆောင်ရွက်ခြင်း သို့မဟုတ် ပထမအကြိမ် ထုတ်ဝေခြင်း တစ်ရပ်ရပ်အနက် နောက်ကျရာ နှစ်မှ နှစ် ၅၀ ကျော်လွန်ပြီး ဖြစ်ခြင်း။ (ဆိုလိုသည်မှာ ဧပြီ ၁၁, ၁၉၇၄ မတိုင်မီ (သို့) ထိုနေ့တွင် ဖန်တီးခြင်း (သို့) ဖြန့်ချိခြင်း)
  4. ဤသည်မှာ အသုံးချအနုပညာလက်ရာဖြစ်ပြီး ယင်းလက်ရာပြုလုပ်ပြီးသည့်နှစ်မှ ၂၅ နှစ်ကျော်လွန်ပြီးဖြစ်ခြင်း။ (ဆိုလိုသည်မှာ ယင်းကို ဧပြီ ၁၁, ၁၉၉၉ မတိုင်မီ (သို့) ထိုနေ့တွင်ပြုလုပ်ခဲ့ခြင်း)
  5. ဤသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာနများမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ တရားရုံးစီရင်ချက်များနှင့် အမိန့်များ ဖြစ်ခြင်း

ဤအရာအား မြန်မာနိုင်ငံပြင်ပ၌ "အများပြည်သူပိုင်"အဖြစ် သတ်မှတ်ထားလိမ့်မည်ဟု ယူဆ၍မရပေ။ ထို့ကြောင့် ဤအရာအား အခြားဘာသာစကားသုံး ဝီကီရင်းမြစ် ဒိုမိန်းများသို့ ပြောင်းရွှေ့ခြင်းမပြုသင့်ပါ။


ဖိုင်တင်သူများသို့။ ကျေးဇူးပြု၍ ဖန်တီးမှုလက်ရာ အမျိုးအစား၊ ပထမဆုံး ဖြန့်ချိသည့် ရက်စွဲ သို့မဟုတ် ဖန်တီးသည့် ရက်စွဲနှင့် အခြား အသုံးဝင်သည့် အချက်အလက်များကို သေချာစွာ ဖော်ပြပေးပါ။

PD-MM //wikisource.org/wiki/%E1%80%9B%E1%80%94%E1%80%B9%E1%80%90%E1%80%95%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA