ကြည်ညိုဖွယ်ရာ မြတ်သံဃာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၀။ ကြည်ညိုဖွယ်ရာ မြတ်သံဃာ
326568ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁၀။ ကြည်ညိုဖွယ်ရာ မြတ်သံဃာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၀)

ကြည်ညိုဖွယ်ရာ မြတ်သံဃာ

edit

တို့ဘုန်းဘုန်း
တို့ဘုန်းဘုန်း တို့ဘုန်းဘုန်း၊
သားတို့တွေ့ရင် တပြုံးပြုံး။
သမီးတို့တွေ့ရင် တပြုံးပြုံး။
တို့ဘုန်းဘုန်းက စာအုပ်ကိုင်၊
ကျောင်းကြီးပေါ်မှာ ထိုင်။
ဝေယျာဝစ္စ လုပ်ကိုင်ရေး၊
ငှက်ပျောသီးတွေ ကျွေး။
လိမ်လိမ်မာမာ နေထိုင်ရေး၊
အဆုံးအမလည်း ပေး။ ။

မောင်သက်ရှည်လေး

edit

ရှေးအခါက ဇနီးမောင်နှံသည် သားလေးနှင့်အတူ ဆရာရသေ့ထံ သွားရောက်ကန်တော့ကြသည်။

ဆရာရသေ့က သားငယ်လေးသည် ဘီလူးအစားခံရမည်ဖြစ်ကြောင်း၊ ဘုရားရှင်သာ ကယ်တင် ပေးနိုင်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

သားလေးအသက်ရှည်စေရန် ဘုရားရှင်က ရဟန်းတော်များကို သားလေးအား ဝန်းရံစေ၍ ပရိတ်ရွတ်စေတော်မူသည်။ ထို့ကြောင့် သားလေးသည် ဘီလူးဘေးမှ ကင်းဝေးခဲ့ရသည်။

ဘုရားရှင် ကြွလာ၍ “သားလေး အသက်ရှည်ပါစေ”ဟု ဆုပေးတော်မူသည်။ သားငယ်လေးသည် အသက် (၁၂၀) ရှည်ခဲ့သည်။

ထို့ကြောင့် သားလေးသည် “မောင်သက်ရှည်လေး”ဟု အမည်တွင်ခဲ့လေသည်။